Home News Local News ဓနုဖြူမြို့မဈေး မီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းပြင်ဆင်နေေ

ဓနုဖြူမြို့မဈေး မီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းပြင်ဆင်နေေ

0
101

ယနေ့ (၁၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေးမီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့မဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့မြို့မဈေးသည် ဧပြီလ (၂၆)ရက် နံနက် (၆)နာရီ ကျော်အချိန်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများလာရောက်ခဲ့စဥ် မီးလေ-ာင်မှုဖြစ်ပွားခဲ့သော မြို့မဈေးနေရာတွင် ဈေးသစ်ကြီးပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့မဈေးတွင် ဆိုင်ခန်းပေါင်း (၄၁၀)ရှိရာမှ မီးလေ-ာင်မှုကြောင့်ဈေးရုံ (၁၃) ရုံနှင့် ဆိုင်ခန်းပေါင်း(၂၇၁) ခန်း မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here