Home News Local News နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများပေးအပ်   ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးသင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်သူ များအားလုံးကို အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများပေးအပ်   ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးသင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်သူ များအားလုံးကို အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမည်ဟု နိုင်ငံတော်သမ္မတပြော

0
81

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ချယ်ရီရိပ်ဖောင်ဒေးရှင်းအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၇ ရက်တွင် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းကို စစ်တ က္ကသိုလ်ကျောင်းဆင်းအရာရှိကြီးများ၊ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ်ကာ ဆရာ ကြီး၊ ဆရာမကြီးတို့သည် မိဘနှင့် တစ်ဂိုဏ်းတည်းထားရမည့် ဒုတိယမိဘများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

” မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်တတ်စေဖို့၊ ခေါင်း ဆောင်ကောင်းတွေဖြစ်လာစေဖို့သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ အုပ်ချုပ်သူတွေအားလုံးကို အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမှာပါ”ဟု နိုင်ငံ တော်သမ္မတက ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်(ဗိုလ် ချုပ်မှူးကြီး-ငြိမ်း)နှင့် အလှူရှင်များက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများကိုပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here