Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeNewsLocal Newsဒေါက်တာ မတင်ဝင်း အပါအဝင်...

ဒေါက်တာ မတင်ဝင်း အပါအဝင် စာရေးဆရာကြီး (၄) ဦးကို အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်

ပြန်ကြားရေးဝန်ကြီးဌာန၊အမျိုးသားစာပေဆု စိစစ်ရွေး ချယ်ရေးကော်မတီမှ စာရေးဆရာကြီး ဦးမြတ်သူ(တက္က သိုလ်မြတ်သူ)၊ စာရေးဆရာကြီး ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ စာရေးဆရာကြီး ဒေါက်တာမျိုးသန့်တင်၊စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်းတို့အား ၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ၂ဝ၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များအနက် အမျိုးသားစာပေဆုများအဖြစ် ဝတ္ထုတိုဆုတွင် မင်းခိုက်စိုးစန်ရေး သားသည့် ဂျစ်ကန်ကန်ဝတ္ထုတိုများစာအုပ် (ငါတို့စာပေတိုက်)အား ရွေးချယ်ခဲ့သည်။

စာပဒေသာဆုတွင် စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံစာအုပ်(နိုင်ငံ့ဂုဏ် ရည်စာပေတိုက်)၊မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆုတွင် ရွှေကူနန်းနွဲ့နွဲ့ ရေးသားသည့် ညောင်ရမ်း ခေတ်ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်းစာအုပ် (သစ္စာရောင်ခြည်စာပေတိုက်)၊လူငယ်စာပေဆုတွင် အကြီးကိုကို(ကသာ)ရေးသားသည့် လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ်(အကြီးကိုကိုစာအုပ်တိုက်)တို့အား ရွေးချယ်ခဲ့သည်။

ဘာသာပြန်(သုတ)ဆုတွင် သက်ဆွေရေးသားသည့် အရှက်တကွဲ အကျိုးနည်းစာအုပ် (Myanmar Heritage Publishing)၊သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပန်းတနော်ခင်မောင်မြင့် ရေးသားသည့် ရာမညစာအုပ်(ဇွန်ပန်းမွှေးမွှေးစာပေတိုက်)၊သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာသန်းထိုက်ရေးသားသည့် သိပ္ပံနည်းကျဒေတာ လမ်းပြစားသောက်ကုန်တာရှည်ခံထိန်းဓာတုပ စ္စည်းများစံချိန်စံညွှန်းပြည့်မီစွာ အသုံးပြုနည်းစာအုပ်(MCM Publishing)တို့အား ရွေးချယ်ခဲ့သည်။

အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Maw TharHtwe (Mandalay)ရေးသားသည့် GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY စာအုပ် (Tha Zin – Sar Pay)၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Maung Swe Ngae ရေးသားသည့် Through the Window of Sarpay Beikman စာအုပ်(နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)တို့ကိုရွေးချယ်ခဲ့သည်။

အမျိုးသားစာပေတစ်သက်တာဆုရှင် ၄ ဦးအား တစ်ဦးလျှင်ငွေကျပ်သိန်း ၁ဝဝ ၊အမျိုးသားစာပေဆုများအား တစ်ဆုလျှင်ငွေကျပ်သိန်း ၃ဝ စီအား နိုဝင်ဘာ ၂၃ ရက်(စာဆိုတော်နေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊အမျိုး သားစာပေဆုနှင့်စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနား၌ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ကုန်သည်လမ်း၊စာပေဗိမာန်ရှိ အမျိုး သားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အ တွင်းရေးမှူး ဖုန်း ဝ၁-၂၄ဝဝ၄၈ နှင့်စီမံရေးရာ ဖုန်း ဝ၁-၃၈၁၄၄၉ တို့သို့ဆက်သွယ်ကာ (၅x၈)လက်မရောင်စုံဓာတ်ပုံနှစ်ပုံနှင့်ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီအား ကိုယ်ရေးရာဇဝင်အကျဉ်း ချုပ်နှင့်တကွ(ကြေညာသည့်ရက်မှ တစ်ပတ်အ တွင်း)ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာစာပေအကျိုးကိုထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သည့် ဆောင်ရွက်ချက်များကို နိုင်ငံတော်မှအသိ အမှတ်ပြုသည့်အနေဖြင့် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071