Saturday, May 9, 2026

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...

ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားနှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုရန် ၎င်းနိုင်ငံ၏ ကတိကဝတ်ကို စနေနေ့တွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့မှု နှစ်ပတ်လည်နေ့အဖြစ်...
HomeCelebrities' Newsဒါရိုက်တာအောင်ဗပါဝါကွယ်လွန်

ဒါရိုက်တာအောင်ဗပါဝါကွယ်လွန်

ဒါရိုက်တာအောင်ဗပါဝါဟာ ဒီကနေ့ဇူလိုင်လ ၃၀ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ဒါရိုက်တာအောင်ဗပါဝါ ကွယ်လွန်တာ နဲ့ပတ်သက်ပြီး စိတ်မကောင်း ဝမ်းနည်းရကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“သားမငိုဘူးဆရာ

သားမှာဆရာနဲ့တသက်စာအမှတ်တရတွေရှိတယ်
သားဆရာက်ိုတကယ်ချစ်တာဆရာသိတယ်

သားရဲ့ ပထမဆုံး သရုပ်ဆောင်အဖြစ်ရိုက်ခဲ့တဲ့
#မှော်ပလ္လင် ဇာတ်လမ်းတွဲကိုဆရာရိုက်ပေးခဲ့တယ်

#စိတ် ဆိုတဲ့ မှော်ပလ္လင် ဇာတ်ဝင်တေးသီချင်း
အတူတူဖန်တီးခဲ့တယ်

ပထမဆုံးဆိုတော့လိုမှာဆိုးလို့ ဘယ်လိုသရုပ်ဆောင်ရမလည်း လုပ်ရမလည်းမေးတိုင်း
#စကြာ ဇာတ်ကောင်ကမင်းနဲ့တကယ်တပုံစံတည်းဘာအိုက်တင်မှလုပ်မနေနဲ့တဲ့ ဆရာအမြဲပြောတယ်

ဆရာနောက်ဆုံးအခုရိုက်ခဲ့တဲ့
#မကြေးစည် ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေး သားဆရာကို သွင်းပေးခဲ့တယ်
ဆရာနားထောင်သွားပြီး အရမ်းအားရနေခဲ့တာ

ဆရာ နားချင်ပြီမြန်မြန်သွင်းပေးပါကွာတဲ့
တရားကျင့်ဖို့ထွက်တော့မှာတဲ့လေ

အခုတော့အပြီးကိုထွက်သွားပြီ

ဒီနေ့မနက်
သားဆရာကို အားရှိအောင်ကိုယ်တိုင်ဝယ်ပြီး
ကြက်သံပုရာတိုက်ခဲ့တယ် ဆရာထသောက်ရှာတယ်

ရင်တွေပူလို့တညလုံးမအိပ်ခဲ့ရဘူး
အန်တီဘယ်အချိန်ဖုန်းဆက်မလည်းမသိလို့စိတ်ပူလို့

မနက်တည်းကအကုန်စီစဉ်ထားပြီး
အိမ်ကမသိအောင်ခိုးထွက်ပြီး
အန်တီနဲ့အောက်စီဂျင်လိုက်ရှာပေးခဲ့တာ

နှစ်အိုးလုံးရခဲ့တော့ စိတ်ချပြီး ခနအိမ်ပြန်လာ
ဆေးထိုးပေးဖို့ဆရာဝန်ရှာ လိုလိုမယ်မယ် Oxygen တွေရှာနေတာအခုထိပါ

ဆရာသမားတိုင်းကိုကိုယ့်အဖေလိုကိုရင်ထဲက
ချစ်တာပါ

အဖေတယောက်လိုချစ်ရတဲ့ဆရာတယောက်ကိုဆုံးရှုံးလိုက်ပြန်ပါပြီ

မှော်ပလ္လင် ဒုတိယတွဲရိုက်ဖို့ရှိတယ်တဲ့လေ
အခုတော့
ဆရာရော
ဘထွေးရော (ဦးလူမုန်း)
ဦးအောင်ဇော် (တထွာန)ကြီးရော
သုံးယောက်တောင် မရှိတော့ဘူး

သားချစ်တဲ့သူတွေအတွက်ဆို
ဘာရောဂါမှလည်းမကြောက်ပါဘူး တကယ်ပါ
သူတို့အသက်ရှင်နေရင်တော်ပြီဆိုတဲ့စိတ်နဲ့
ဆရာဆီသား လာခဲ့တာလေဆရာရယ်

ဆရာ ရွတ်ခိုင်းတဲ့ သံဗုဒ္ဓေ ဂါထာတော်ကို
သားဝါတွင်းသုံးလ အဓိငှာန်ထားတယ်နော်ဆရာ
လိုပြောခဲ့တယ်

ဆရာရွတ်ခိုင်းတာမလို့
အဲ့ကုသိုလ်တွေဆရာရမှာနော်လိုတဖွဖွပြောပေးနေတာ

သားတကယ်လုပ်နေတာမလို့ အဲ့ကုသိုလ်တွေ
တကယ်ရမှာနော်ဆရာ ကောင်းရာဘုံဘဝမှာ
အေးချမ်းနေမှာ ယုံကြည်ပါတယ်” လို့ရေးသားထားပါတယ်။

#Popularjournal
Photo-crd

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071