(Unicode)
ဒရာမာသစ်မှာပါဝင်မယ့် Son Ye Jin,Jeon Mi Do နဲ့ Kim Ji Hyun
JTBC ဟာ မကြာခင်ထွက်မယ့် ဒရာမာသစ် 39 ရဲ့ ပိုစတာသစ်ကို ထုတ်ဖော်လိုက်ပါတယ်။
“39” ဟာ အထက်တန်းဒုတိယနှစ်မှာ ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်း ၃ဦးရဲ့ အသက် ၄၀နီးပါးထိ အတူဖြတ်သန်းခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
မထင်မှတ်ထားတဲ့ အခြေအနေတွေကို ကြုံတွေ့ရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၃ ယောက်ရဲ့ လှပမှုတွေနဲ့အတူ စိတ်ခံစားမှုများစွာနဲ့ ဖြတ်သန်းရတဲ့ နေ့စဉ်အကြောင်းအရာတွေ ပါဝင်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ ဂန်းနမ်ရှိ ဆေးခန်းတစ်ခုက အရေအပြားအထူးကုဆရာဝန်အဖြစ် So Yi Jin က သရုပ်ဆောင်ထားပါတယ်။
မင်းသမီးတစ်ယောက်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သရုပ်ဆောင်ဆရာမဖြစ်လာတဲ့သူအဖြစ် Jeon Mi Do က ပါဝင်မှာပါ။
အလှကုန် မန်နေဂျာတစ်ယောက်အဖြစ် Kim Ji Hyun က သရုပ်ဆောင်မှာပါ။
အမျိုးသမီး ၃ဦးကို အသားပေးရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကိုတော့ ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီ လမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
(Zawgyi)