Sunday, May 31, 2026

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊...

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ...

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...
HomeNewsLocal Newsထုံးဘို - မြစ်ငယ်...

ထုံးဘို – မြစ်ငယ် တိုးဂိတ် လမ်းပိုင်းပြင်ဆင်နေမှုကြောင့်တံတားဦးလေဆိပ်သွားမည့်သူများ အချိန်စောထွက်ခွာရန်လို

ထုံးဘို – မြစ်ငယ် တိုးဂိတ် လမ်းပိုင်း ဝဲ၊ ယာ တိုးချဲ့ပြုပြင်ဆောင်ရွက်နေမှုများကြောင့် နံနက်ပိုင်း၊ ညနေပိုင်း လူသွားလူလာများပြားသည့်အချိန်များတွင် သာမကသာမန်အချိန်များတွင်ပါ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားလျှက်ရှိသည်။

“အခုက ဒီလမ်းကပဲ အကုန်သုံးကြရတာ၊ အမြန်လမ်းက ဒုဌဝတီတံတားကျိုးထားတော့လမ်းဟောင်းပဲသုံးပြီးမှ ပြန်တက်ကြတာ၊ အဲဒီတော့ ရန်ကုန်သွားမယ့် Highway ကား၊ အိမ်စီးကားအကုန်ဒီလမ်းပဲ၊ အဲဒီတော့ကားတွေက ပိတ်နေတာ”ဟု အဆိုပါ လမ်းပိုင်းကိုအသုံးပြုသွားလာနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

မန္တလေးငလျင်ကြီးကြောင့် အမြန်လမ်းဒုဌဝတီတံတားကျိုးပြီးနောက် ကုန်တင်ကားများ၊ ကားများ အသုံးပြုမှုများပြားမှုကြောင့် လမ်းပိုင်းလည်း ပျက်စီးသွားခဲ့သည့်အတွက် အဆိုပါလမ်းပိုင်းကိုပြုပြင်နေမှုကြောင့် ယာဉ်ကြောများပိတ်ဆို့မှုလည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“တံတားဦးလေဆိပ်သွားမယ့်ခရီးသွားများ တတ်နိုင်သမျှစောထွက်စေချင်ပါတယ်။ တနေ့ကလည်းလေဆိပ်မှာ လေယာဉ်မမှီပဲကျန်ခဲ့တာဆယ်ယောက်ကျော်လောက်ရှိတယ်၊ ဒါတောင် လေယာဉ်ကခဏစောင့်ပေးသေးတယ်”ဟု ဖြစ်စဉ်ကို သိရှိသူအမျိုးသမီးတစ်ဦးကလည်း သူမ၏လူမှုကွန်ရက်တွင် မျှဝေထားသည်။

နောက်ခရီးသွားတစ်ဦးကလည်း “ကျွန်မတို့လည်းလေယာဉ်ပေါ်လူချည်းလိုက်လာရတယ်၊ အထုတ်တွေထားခဲ့ရတယ်၊ Check in counter ပိတ်သွားလို့” ဟု ထပ်ဆင့်မျှဝေထားသည်။

လမ်းပိုင်း ဝဲ၊ ယာ တိုးချဲ့ပြုပြင်ဆောင်ရွက်နေမှုကြောင့် ယာဉ်ကြောပိတ်ဆို့လျှင် အနည်းဆုံးနာရီနှင့်ချီကြာမြင့်မှုကြောင့် ဒေသခံများကလည်း လမ်းပိုင်းပြင်ဆင်မှုကို အမြန်ပြီးစီးစေချင်နေကြသည်။

“ညဘက်တွေလုပ်လို့ရောမရနိုင်ဘူးလားပေါ့၊ ညဘက်ဆိုဘယ်သူမှမထွက်ဘူးလေ၊ အဆိုင်းချပြီးခင်းဒီလမ်းခဏပါပဲ” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

လက်ရှိ၌ ထုံးဘို-မြစ်ငယ် တိုးဂိတ်၏ အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းတစ်လျှောက်မြို့တော်စည်ပင်နယ် နိမိတ်အစဖြစ်သည့် (ရန်-မန်း) လမ်းမကြီး (၃၉၂ မိုင် ၄ ဖာ လုံ) အထိ စက်ယန္တရားများ အသုံးပြု ၍ အရှေ့ဘက်ခြမ်း၌ (၁၂) ပေခန့် အကျယ် တစ်လမ်းသွားလမ်း၊ အနောက်ဘက်ခြမ်းတွင် စက်ဘီး၊ ဆိုင်ကယ်လမ်း အပါအဝင် လေးလမ်းသွားလမ်း ပြုလုပ်ရန်အတွက် တိုးချဲ့ဖောက်လုပ်ခြင်းကို ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကိုကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား NETRA (NTPC Energy Technology Research Alliance)ကုမ္ပဏီတာ ဝန်ရှိသူများက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူး ပြောင်းမှုဆိုင်ရာစီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှုများ၊ NTPC သည် ၎င်း၏ CCUS နည်းပ ညာကို...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၁)ဦးကို ခွဲစိတ်ကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့ကခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ခွဲစိတ်ကုသပေးရာ၌ နှစ်ရက်အတွင်း မွေးရာပါနှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် မေးရာပါအာခေါင်ကွဲလူ နာ(၁၃)ဦး(စုစုပေါင်း ၃၁ ဦး)ကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း...

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။ " ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။ ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071