Monday, July 14, 2025

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက်...

ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင်...
HomeNewsLocal Newsထိုင်း - မြန်မာ...

ထိုင်း – မြန်မာ ပြောင်းကုန်သွယ်မှု ပိုမိုအဆင်ပြေစေရေး ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်အသင်းဖွဲ့စည်း

ထိုင်းနှင့် မြန်မာ ပြောင်းကုန်သွယ်မှုကဏ္ဍတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပြောင်းလုပ်ငန်းရှင်များ ပိုမိုလွယ်ကူလျင်မြန်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း ယနေ့ နံနက်ပိုင်းတွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ စက်တင်ဘာ (၁၇) ရက်နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ပြောင်းလုပ်ငန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတိုးတက်ဖို့အတွက် တဖက်တလမ်းကနေ ရန်ပုံငွေတိုးစေဖို့ဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာ – လာအိုကုန်စည်စီးဆင်းမှုမှာဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းဟာ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်တာကြောင့် များစွာဝမ်းမြောက်မိပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးချမ်းအောင်မှ လိုက်နာရမည့်စည်းကမ်းများ၊ တာချီလိတ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းမှ ပြောင်းကုန်သည်များ တရားဝင်စာရင်းပေးသွင်းရန်နှင့် သက်တမ်းတိုးရန်တို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။

ယနေ့ ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်းသည် (၉)သင်းမြောက်ဖြစ်ကာ အနီးစပ်ဆုံးပို့ကုန်များအတွက် တဖက်နိုင်ငံဈေးကွက်နှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများသည် အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးနှစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်တို့ဆွတ်ခူးနိုင်ခဲ့ကြသည်။ ထို့ပြင် Open ကနူးလေးယောက်လှော် အမျိုးသား မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင်...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင်...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071