Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန်...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ် အော့ဖ်ဖ့်အစ္စရေး သတင်းဌာနက သတင်းဖော်ပြသည်။

နိုင်ငံတွင်းရှိ အစ္စရေးနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်နိုင်သည့် အကြံအစည်အတွက် စိုးရိမ်ရသည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ဌာနတွင်း သတိပေး စာရွက်စာတမ်းများ အစီရင်ခံချက်ထွက်ပေါ်လာပြီးနောက် မော့ဆက်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အထူးအားဖြင့် နာမည်ကျော်ကြားသော လအလိုက်ပွဲတော်တစ်ခုဖြစ်သည့် လပြည့်ပွဲတော်အခမ်းအနားကို အဓိက သတိပေးခြင်းဖြစ်သည်ဟု ဟီဘရူးဘာသာစကားသုံးသတင်းစာ Yedioth Ahronoth ၏ အွန်လိုင်းဌာန Ynet ပြောကြားခဲ့သည်။

ကော့ဖငံနှင့် ယင်း၏ ပွဲအခမ်းအနားများသည် အစ္စရေးလူငယ်များအကြား အလွန်ရေပန်းစားသည်။

Ynet ၏ အဆိုအရ ခိုင်မာသော သတင်းအချက်အလက်များကို အခြေခံသည့် သတိပေးချက်များနှင့် ပတ်သက်၍ ထိုင်းရဲများသည် မကြာသေးမီရက်များအတွင်း ပြင်းထန်သော စစ်ဆင်ရေးများ ကိုလုပ်ဆောင်နေခဲ့သည်ဟု သိရသည်။

အစီရင်ခံချက်ကို အရေးယူ ဆောင်ရွက်သည့်အနေဖြင့် အစ္စရေးလုံခြုံရေးဌာနများသည် ထိုင်းလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံအတွင်း ဖြစ်ရပ်များကို ဟန့်တားရန် ဆောင်ရွက်ခဲ့သည်ဟု မော့ဆက်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က ပြောဆိုခဲ့သည်။

အောက်တိုဘာ ၇ ရက်နှင့် ဂါဇာစစ်ပွဲနောက်ပိုင်းမှစ၍ အီရန်နှင့် ၎င်း၏ လက်ဝေခံများသည် ကမ္ဘာတစ်ဝန်းရှိ အစ္စရေးနှင့် ဂျူး ပစ်မှတ်များကို အန္တရာယ်ပြုရန်ကြိုးပမ်းမှု အရှိန်မြင့်လာခဲ့သည်ဟု ယင်းအဖွဲ့များက ပြောဆိုသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071