Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeInternationalထိုင်းမွေးမြူရေးထွက်ကုန်တင်သွင်းမှုကို ကမ္ဘောဒီးယားနှင့် လာအိုပိတ်ပင်

ထိုင်းမွေးမြူရေးထွက်ကုန်တင်သွင်းမှုကို ကမ္ဘောဒီးယားနှင့် လာအိုပိတ်ပင်

ဒေါင့်သန်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံမှ မွေးမြူရေးတိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ကုန် တင်သွင်းမှုများကို ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့က ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနက ယင်းကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံရှိဒေါင့်သန်းရောဂါဖြစ်ပွားနေသည့် ဒေသများကို အနီးကပ်စောင့်ကြည့်နေကြောင်း ရှင်းဟွာသတင်းတွင် ဖော်ပြခဲ့သည်။

“လောလောဆယ်တွင် ကမ္ဘောဒီးယား၌ ရောဂါဖြစ်ပွားမှု မရှိသေးသော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ထိုင်းနယ်စပ်အားလုံးမှ မွေးမြူရေးတရိစ္ဆာန်နှင့် ဆက်စပ်တိရိစ္ဆာန်ထွက်ကုန် တင်သွင်းမှုကို ဝန်ကြီးဌာနက ယာယီပိတ်ပင်ထားသည်” ဟု သတင်းကဆိုသည်။

တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ရန်အတွက် အာဏာပိုင်များသည် နယ်စပ်ဒေသများရှိ အစိုးရဌာနများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆက်လက်ဖော်ပြခဲ့ပြီး တားမြစ်ချက်သည် အချိန်မည်မျှကြာမည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

တစ်ချိန်တည်းမှာပင် လာအိုနိုင်ငံသည်လည်း နိုင်ငံအတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားလာနိုင်မှု အန္တရာယ်လျော့ပါးစေရန်အတွက် ထိုင်းနိုင်ငံမှ နွားသား၊ ကျွဲသား၊ ဆိတ်သား နှင့် သိုးသား တင်သွင်းမှုများကို မေလ ၅ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိခဲ့ခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေရှိသူ ၆၃၆ ဦးစလုံးကို ၇ ရက်တာ စောင့်ကြည့်မှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း Mukdahan ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaew က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့အားလုံးသည် စောင့်ကြည့်ကာလအတွင်း ရောဂါကာကွယ်ဆေးများအသုံးပြုပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့သည် ပုံမှန်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာ Narong က ပြောသည်။

အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံတွင် လူတစ်ဦး ‌ေ-သဆုံးခဲ့ကာ လေးဦးဆေးရုံတင်ထားရပြီး ယင်းဖြစ်စဉ်ကြောင့် လူအများသည် အမဲသားစားရန် ကြောက်နေကြဆဲဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071