Home Movies ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

0
92

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။

အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၈ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၉ ရာခိုင်နှုန်း၊ စားသုံးကုန်စည်နှင့် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍများမှ ၂ ရာခိုင်နှုန်းစီ၊ ထုတ်ပိုးမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စက္ကူကဏ္ဍများမှ ၁ ရာခိုင်နှုန်းစီ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် အဓိကကုန်စည်များ တင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားငွေများကို ဦးစားပေးခွဲဝေပေးလျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here