Monday, August 17, 2026

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန်...

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင်...

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိ၊ ကျန်းမာရေးဝန်ထမ်းများက...

ဧရာဝတီ၊ ဩဂုတ် ၁၇ ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ...
HomeInternationalထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထားသောကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အာရုံစိုက်စရာဖြစ်နေပြီး ပေကျင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ထပ်မံကြိုးပမ်းနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်စေခဲ့သည်။
      
ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အနူတင်သည် ရှန်ဟိုင်း၊ ချန်ဒူးနှင့် ပေကျင်းမြို့များသို့ သွားရောက်မည်ဖြစ်ကာ စီးပွားရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။
     
ဇူလိုင်လ ၁၇ ရက် နေ့တွင် ရှန်ဟိုင်း၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ(WAIC) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် စီစဉ်ထားသည်။
          
“ပိုမိုတောက်ပသော အနာဂတ်အတွက် AI မိတ်ဖက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အခမ်းအနားကို ဟွန်မာနက်လည်း တက်ရောက်မည်ဖြစ်သည်။
     
ပေကျင်းသည် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဆွေးနွေးမှုကို တိုက်တွန်းအားပေးခဲ့ပြီး ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းသော ညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
     
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယမန်နှစ် ဒီဇင်ဘာလအတွင်းက ယူနန်ပြည်နယ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးများနှင့် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ခုကို လက်ခံကျင်းပခဲ့သည်။ နှစ်နိုင်ငံအကြား တင်းမာမှုများကို ကြားဝင်ညှိနှိုင်းရန် ပေကျင်းက ကတိပြုခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံ အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
        
တစ်ချိန်တည်းမှာပင် အနူတင်၏ ခရီးစဉ်သည် ထိုင်းနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ၅၁ နှစ်မြောက် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Ref: ထိုင်းပီဘီအက်စ်ဝေါလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071