Saturday, August 8, 2026

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့...

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့...

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀...

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄...

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက်...

ဧရာဝတီ၊ ဩဂုတ် ၈ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀...
HomeNewsLocal Newsထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန်...

ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားမည်ဟု မြန်မာအသင်း နည်းပြချုပ် Jørn Andersen ပြော

ရန်ကုန်၊ ဩဂုတ် ၈

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ (ဩဂုတ် ၈ ရက်) မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ရာချမန်ဂါလာ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါပွဲစဉ်မတိုင်မီပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်း နည်းပြချုပ် Jørn Andersen က ‘ ကျွန်တော်တို့ ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ၊ အသင်းအနေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပိုပြီးကောင်းလာတာကို ပြီးခဲ့တဲ့ပွဲတွေမှာ တွေ့ရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့တန်းကစားသမားဖြစ်ခဲ့တော့ တိုက်စစ်ဦးစားပေးတဲ့ကစားဟန်ကို ပိုမိုနှစ်သက်ပါတယ်””ဟု ပြောကြားခဲ့သည်။

၄င်းအနေဖြင့် တာဝန်ယူခဲ့သည့်အသင်းများတွင် တိုက်စစ်ဦးစားပေးသည့်နည်းဗျူဟာကို အသုံးပြုခဲ့ပြီး မြန်မာအသင်းနှင့်အတူ လေ့ကျင့်ရေးအချိန်တိုအတွင်း ကစားသမားများက နည်းပြအဖွဲ့၏ နည်းစနစ်ပိုင်း ညွှန်ကြားချက်များကို လိုက်နာနိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဟောင်ကောင်အသင်းကို တာဝန်ယူစဉ်ကတည်းက ထိုင်းနိုင်ငံ၌ လာရောက်ကစားဖူးသဖြင့် ထိုင်းအသင်း၏ အချက်အလက်များကို သုံးသပ်သိရှိထားပြီးဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

မြန်မာအသင်း ကွင်းလယ်ကစားသမား ကျော်မင်းဦးကလည်း ထိုင်းအသင်းသည် အုပ်စုအတွင်း အင်အားကြီးအသင်းဖြစ်သော်လည်း မြန်မာအသင်းအနေဖြင့် ဖိအားမရှိဘဲ မိမိတို့အသင်း ပိုမိုကောင်းမွန်လာရေးကိုသာ အာရုံစိုက်သွားမည်ဟု ပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံ၌ မြန်မာပရိသတ်များစွာ ရှိနေသဖြင့် အိမ်ကွင်းကဲ့သို့ ခံစားရပြီး ပရိသတ်များအတွက် အစွမ်းကုန် ကြိုးစားကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေဝင်ရောက်

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေဝင်ရောက်သည့် ကျေးရွာများရှိ ပြည်သူများအား မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယနေ့နံနက်ပိုင်းက ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြ

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲသည် ကစားသမားများ၏ ပွဲကစားနိုင်စွမ်း၊ အသင်းလိုက် ပေါင်းစပ်ကစားမှုနှင့် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဟု အသင်းက အသိပေးထားသည်။ ထို့ပြင်...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀ ကျော် သင်္ဘောများဖြင့် ရောက်ရှိ၊ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071