Thursday, August 6, 2026

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...
HomeNewsLocal Newsထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးကိုလိုလားဟု ထိုင်းနိုင်ငံဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးကိုလိုလားသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ကပြောသည်။

ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ဦးဆောင်ကျင်းပသည့် မြန်မာ- ထိုင်းနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ကာ နှစ်နိုင်ငံကြားရှည်လျားသည့် နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့လည်း အပြန်အလှန်ဆက်စပ်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် မူလအခြေအနေကဲ့သို့ ပြန်လည်ပါဝင်နိုင်ရေးအတွက်ကို ထိုင်းနိုင်ငံမှလိုလားကာ နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းကောင်းများစွာရှိနေသည်ဟု ပြောကြားသည်။

ထိုသို့ အခွင့်အလမ်းကောင်းများစွာရှိနေ၍ မြန်မာနိုင်ငံတော်သမ္မတကြီးနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်များ အရှိန်မြှင့် အကောင်အထည်ဖော်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့် အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုများအရ မြန်မာနှင့် ထိုင်းတို့သည် BIMSTEC၊ ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားများမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ Myanmar Space Agency (MSA) နှင့် ထိုင်းနိုင်ငံ၏...

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071