Wednesday, June 17, 2026

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ...

ပေကျင်း၊ ဇွန် ၁၆ လာမည့် နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ...

ဒေါ်လာ ၂၅၀,၀၀၀ ကျော် လိမ်လည်ထုတ်ယူမှုနှင့်...

ဇွန် ၁၆ ဘဏ်စာရင်းများကို အသုံးပြု၍ ဒေါ်လာ ၂၅၃,၉၉၉.၈၉ ကို လိမ်လည်ထုတ်ယူခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုအမှုနှင့် ဆက်နွှယ်သူ ခြောက်ဦးကို နည်းပညာမှုခင်းနှိမ်နင်းရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ...

တရုတ်-နီပေါ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံ၊...

ပေကျင်း၊ ဇွန် ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး အာဇူ ရာနာ ဒေဥဘာ (Arzu Rana Deuba) တို့သည် ပေကျင်းမြို့တွင်...

လယ်ယာထွက်ကုန်ဈေးနှုန်း ထိန်းညှိရေးကော်မရှင် ဖွဲ့စည်းပေးရန် တိုက်တွန်းသည့်အဆိုကို...

နေပြည်တော်၊ ဇွန် ၁၅ လယ်ယာ၊ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထွက်ကုန် သီးနှံများ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆိုကို ဇွန်လ ၁၅...
HomeNewsLocal Newsထိုင်းနိုင်ငံမှ မြန်မာ့ဆေးရွက်ကြီးကို ဈေးကောင်းပေးဝယ်၊...

ထိုင်းနိုင်ငံမှ မြန်မာ့ဆေးရွက်ကြီးကို ဈေးကောင်းပေးဝယ်၊ တစ်ကီလို ဘတ် ၂၅၀ အထိ ဈေးရ

ကရင်ပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးသည့် မြန်မာ့ဆေးရွက်ကြီး ဒေသအခေါ် ဓားလှီးဆေးများကို ထိုင်းနိုင်ငံမှ ဈေးကောင်းပေး​နေ၍ စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးရွက်ကြီး စိုက်ပျိုးရာတွင် တစ်ဧကလျှင် အထွက်နှုန်း ၃၂၄ ပိဿာအထိ ထွက်ရှိကာ မြဝတီခရိုင်၊ စုကလိဒေသ ပေါက်ဈေးအနေဖြင့် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၂၅၀ အထိ ဈေးကောင်းရရှိကြောင်း သိရသည်။

ဆေးရွက်ကြီးပင်များကို စိုက်ပျိုးရာတွင် မြစ်နား၊ ချောင်းနား၊ ကမ်းနားများရှိ သဲနုန် မြေများပေါ်တွင် အစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး အပင်သက်တမ်း ခြောက်လမှ ခုနစ်လအကြာတွင် ခူးဆွတ်လှီးဖြတ် အခြောက်ခံပြီးဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

မြန်မာ့ဆေးရွက်ကြီးကို ထိုင်းနိုင်ငံမှ ဆေးဝါးထုတ်လုပ်သည့် နေရာများ နှင့် ဓာတ်မြေဩဇာထုတ်လုပ်သည့်နေရာများတွင် သုံးစွဲကြကြောင်းသိရသည်။

“ဒီနှစ်မှာတော့ အရင်နှစ်ထက် ဈေးပိုရပါတယ်။ အရင်နှစ်ကတော့ လုပ်အားခနုတ်ပြီး တစ်ကီလိုဈေး ဘတ် ၂၀၀ ရတယ်။ အခုနှစ်ကတော့ အလုပ်သမားခနုတ်ပြီး တစ်ကီလို ထိုင်းဘတ် ၂၅၀ ရလို့ တော်တော်အဆင်ပြေပါတယ်”ဟု ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးက ပြောသည်။

အလုပ်သမားခအနေဖြင့် အမျိုးသမီးတစ်ဦး ထိုင်းဘတ် ၁၅၀၊ အမျိုးသားတစ်ဦး ထိုင်းဘတ် ၂၀၀ ထိပေးရပြီး ခူးဆွတ်ချိန်နှင့် လှီးဖြတ်အခြောက်ခံချိန်များတွင် လူငှားပြီး လုပ်ကိုင်ဆောင်ရွက်ကာ အလုပ်သမားခနုတ်ပြီး ဘတ် ၅၀၀,၀၀၀ ခန့် အမြတ်ကျန်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ မြင့်တက်မည်ဟု ခန့်မှန်း

ပေကျင်း၊ ဇွန် ၁၆ လာမည့် နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ လူဝင်လူထွက် ၂ ဒသမ ၂ သန်းခန့် ရှိလာမည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာန (NIA) က ဇွန်လ ၁၆ ရက်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။ NIA ၏ ခန့်မှန်းချက်အရ ယခုနှစ် နဂါးလှေပွဲတော် အားလပ်ရက်အတွင်း နယ်စပ်ဝင်ထွက်မှုမှာ ယခင်နှစ်ကာလတူထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး...

ဒေါ်လာ ၂၅၀,၀၀၀ ကျော် လိမ်လည်ထုတ်ယူမှုနှင့် ဆက်နွှယ်သူ ၆ ဦး ဖမ်းဆီးခံရ

ဇွန် ၁၆ ဘဏ်စာရင်းများကို အသုံးပြု၍ ဒေါ်လာ ၂၅၃,၉၉၉.၈၉ ကို လိမ်လည်ထုတ်ယူခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုအမှုနှင့် ဆက်နွှယ်သူ ခြောက်ဦးကို နည်းပညာမှုခင်းနှိမ်နင်းရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ ဟက်ကာများသည် WhatsApp အကောင့်များကို အသုံးချကာ ဘဏ်အကောင့်အတုများဖြင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ပြီး ယင်းလုပ်ရပ်တွင် အသုံးပြုရန် ဘဏ်စာရင်းများ ဝယ်ယူရောင်းချမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ နည်းပညာမှုခင်းတိုက်ဖျက်ရေးဌာန၏ စစ်ဆေးတွေ့ရှိချက်များအရ ဖမ်းဆီးခံရသူများသည် ရာဇဝတ်ဂိုဏ်းတစ်ခုထံ ဘဏ်စာရင်း ၂၀ ကျော် ရောင်းချပေးရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် ဗီယက်နမ်နိုင်ငံသား တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ငါးဦး...

တရုတ်-နီပေါ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံ၊ BRI ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ပေကျင်း၊ ဇွန် ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး အာဇူ ရာနာ ဒေဥဘာ (Arzu Rana Deuba) တို့သည် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရပ်ဝန်းနှင့်လမ်းမ (BRI) ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ရေးမူဝါဒတွင် အရေးပါသည့်နေရာ၌ အမြဲထားရှိခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် နီပေါ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071