ဘန်ကောက် ဖေဖော်ဝါရီ ၃
ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းသဘောထား အညွှန်းသည် ဇန်နဝါရီလတွင် အနည်းငယ် တိုးတက်ခဲ့ပါသည်။ ဖေါက်သည်များ၏ အမှာစာ စာရင်း စာအုပ်များ ၌ အမှာစာများ မြင့်တက်လာခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကျဆင်းခြင်းကြောင့် ဖြစ်သည် ဟု ဗဟိုဘဏ်က တနင်္လာနေ့ကပြောကြားခဲ့သည်။
ထိုင်းဗဟိုဘဏ်၏အဆိုအရ ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်း သဘောထားအညွှန်း (BSI) သည် ယခင်လတွင် 48.5 ရှိခဲ့သည်။ 2024 ခုနှစ် ဒီဇင်ဘာလ တွင် 48.4 သာ ရှိခဲ့ရာမှ မှ ဒသမ 1 တက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုးတက်လာမှုမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ သည် ပို၍ အပြုသဘော အမြင်ရှိလာခြင်းကြောင့် ဖြစ်သည်။
ကုန်ထုတ်လုပ်မှုအညွှန်း တိုးတက်လာမှုသည် သံမဏိလုပ်ငန်းတွင်ယုံကြည်မှု မြင့်မားလာမှုကြောင့် ဖြစ်ပါသည်။ သို့သော်လည်း ကုန်ထုတ်လုပ်မှုကဏ္ဍ အတွင်း မှ စစ်တမ်းကို ဖြေဆိုသူ အများစုသည် ယခင်လနှင့် နှိုင်းယှဉ်ပါက သဘောထားအမြင် အညွှန်းသည်ကျဆင်းခဲ့သည်။ ကုန်ထုတ်လုပ်မှုအညွှန်းများသည် သတ်မှတ်ချက် အမှတ် 50 အောက်ကျဆင်း ခဲ့ကြောင်း ဗဟို ဘဏ်က ပြောသည်။
ထိုအတောအတွင်း ကုန်ထုတ်လုပ်မှုမဟုတ်သော စီးပွားရေးလုပ်ငန်းအများစု၏ အညွှန်းသည် ကျဆင်းသွားရာ ကုန်သွယ်ရေး ကဏ္ဍသည် အကျဆုံးဖြစ်သည်။ ထို့သို့ဖြစ်ရခြင်းမှာ အစိုးရ၏ အခွန်ကောက်ယူမှု အစီအစဉ်မစတင်မီ အစိုးရက အသုံးစရိတ်များ ကို ရွှေ့ဆိုင်းခြင်းနှင့် အသုံးစရိတ်များများပြားမှုကြောင့် ဖြစ်နိုင်သည်။
ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှု အညွှန်းခွဲများ တိုးလာသောကြောင့် ယခင်လက အညွှန်းသည် 51.2 သာရှိရာမှ မှ ဇန်နဝါရီလတွင် 51.3 သို့ တက်လာခဲ့သည်။ အဆိုပါအညွှန်းများကို အကြီးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှ စစ်တမ်းကို ဖြေကြားသူ ၆၆၃ ဦး၏ စအဖြေများကို အခြေခံထားသည်။
Ref: ရှင်းဟွာ