Saturday, July 4, 2026

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး ယခုတစ်ပတ်တွင် ထပ်မံကျဆင်း၊ တစ်ပိဿာ...

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင်...

တညင်းကုန်းစျေးနံနက်ခင်းပိုင်းမြင်ကွင်း

ရန်ကုန်မြို့ တညင်းကုန်းစျေးနံနက်ခင်းအချိန်အခါတွင် ဈေးဝယ်သူများ၊ ဈေးရောင်းသူများဖြင့် စည်ကားလျက်ရှိသည်။ နံနက်အစောပိုင်းအချိန်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ဝယ်ယူသူများ များပြားပြီး ဈေးအတွင်း သွားလာလှုပ်ရှားမှုများလည်း...

ထန်းတပင်အနီးကိုဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့အနီး၌ အင်အား ၃.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်သော...

စွမ်းအင်အကျပ်အတည်း ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေးကြောင်း FAO စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ(Monica Tothova)က ပြောကြားပါတယ်။...
HomeNewsLocal Newsထားဝယ်တက္ကသိုလ်တွင် Diploma in...

ထားဝယ်တက္ကသိုလ်တွင် Diploma in Business Law ဖွင့်လှစ်မည်

ထား၀ယ်တက္ကသိုလ် ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ Diploma in Business Law (DBL) သင်တ န်း အမှတ်စဉ် (၁) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာသင်တန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။

ယင်းသင်တန်းအား ဇန်နဝါရီလ (၁၂) ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၉) လကြာ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းအချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ဇန်နဝါရီ (၆) ရက်မှ (၉) ရက်အထိ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများကို ဇန်နဝါရီ (၁၁) ရက်တွင် ကြေညာပေးမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး ယခုတစ်ပတ်တွင် ထပ်မံကျဆင်း၊ တစ်ပိဿာ ၇,၂၄၅ ကျပ်သတ်မှတ်

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၇,၂၄၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ထပ်မံကျဆင်းလာကြောင်း သိရသည်။ ကော်မတီ၏ ထုတ်ပြန်ချက်အရ ပြည်ပစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများရှိ ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းပြောင်းလဲမှုများကြောင့် ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။ ယခင်အပတ်ဖြစ်သည့် ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၅၅ ကျပ်ဖြစ်ခဲ့ပြီး၊ ဇွန် ၁၉...

တညင်းကုန်းစျေးနံနက်ခင်းပိုင်းမြင်ကွင်း

ရန်ကုန်မြို့ တညင်းကုန်းစျေးနံနက်ခင်းအချိန်အခါတွင် ဈေးဝယ်သူများ၊ ဈေးရောင်းသူများဖြင့် စည်ကားလျက်ရှိသည်။ နံနက်အစောပိုင်းအချိန်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ဝယ်ယူသူများ များပြားပြီး ဈေးအတွင်း သွားလာလှုပ်ရှားမှုများလည်း ပုံမှန်ရှိနေသည်ကို တွေ့ရသည်။ ဈေးရောင်းသူများကလည်း ဆိုင်ခင်းပြင်ဆင်၍ ဖောက်သည်များကို ကြိုဆိုရောင်းချနေကြပြီး နံနက်ခင်းဈေးကွက်၏ အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်။ တညင်းကုန်းစျေးသည် နေ့စဉ် လူသုံးကုန်နှင့် စားသောက်ကုန်များကို အဓိက ရောင်းဝယ်ဖောက်ကားသည့် စည်ကားသော ဈေးတစ်ခုဖြစ်ပြီး နံနက်ပိုင်းအချိန်သည် ဈေးဝယ်ရောင်း အများဆုံးအချိန်များထဲမှ တစ်ခုဖြစ်သည်။

ထန်းတပင်အနီးကိုဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ မြေငလျင်လှုပ်ရှား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့အနီး၌ အင်အား ၃.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။ မြန်မာစံတော်ချိန် နံနက် (၆) နာရီ (၅၁) မိနစ် (၀၈) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ မြန်မာနိုင်ငံပြည်တွင်း၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ မြေငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြေငလျင်၏ ဗဟိုချက်သည် မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071