စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၇,၂၄၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ထပ်မံကျဆင်းလာကြောင်း သိရသည်။
ကော်မတီ၏ ထုတ်ပြန်ချက်အရ ပြည်ပစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများရှိ ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းပြောင်းလဲမှုများကြောင့် ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။
ယခင်အပတ်ဖြစ်သည့် ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၅၅ ကျပ်ဖြစ်ခဲ့ပြီး၊ ဇွန် ၁၉ ရက်မှ ဇွန် ၂၅ ရက်အထိတွင် ၇,၂၈၅ ကျပ် သတ်မှတ်ထားခဲ့သဖြင့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
