တောင်ငူ၊ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တို-က်မိရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို့ တို-က်မိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ် ဖြစ်ပွားရာသို့ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မီးလေ-ာင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက နှစ်နာရီနီးပါးကြာ တာဝန်ယူ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
