Sunday, July 5, 2026

လာအိုအမျိုးသမီးတို့၏ ရိုးရှင်းသော အလှ

လာအိုအမျိုးသမီးများတွင်အထင်ရှားဆုံး သတိပြုမိနိုင်သည်မှာ ရိုးရာလုံချည် (Sinh) ကို အမြတ်တနိုး ဝတ်ဆင်ကြခြင်း၊ ဆံပင်ကို ရိုးရှင်းစွာထုံးခြင်း၊ ပျုငှါနွေးထွေးသော မျက်နှာနှင့်ရိုးသားသော အပြုံးတို့၏ အလှပင်...

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင်...

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsတောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နေ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး၊ ရှေးဟောင်းကျုံးအတွင်း ရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်းနိုင်ရေးနှင့် ကြာပန်းများဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်းရှိ သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မူလမြို့တွင်း ရေတွင်းနှင့် ရေမြောင်းများကိုလည်း ပြန်လည်တူးဖော် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သည့် တောင်ငူမင်းဆက်များ၏ ထီးမွေနန်းမွေများနှင့် တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသတစ်ခုဖြစ်သည်။

အဆိုပါမြို့သည် ပဲခူးတိုင်းဒေသကြီး အရှေ့မြောက်ဘက် စစ်တောင်းမြစ်နံဘေးတွင် တည်ရှိပြီး ရန်ကုန်–မန္တလေး ကားလမ်းနှင့် ရထားလမ်းတို့ ဖြတ်သန်းသွားရာ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည်။

ထို့အပြင် အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ မြောက်ဘက်တွင် နေပြည်တော်တို့နှင့် ထိစပ်လျက်ရှိပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလုပ်ငန်းများအတွက် အရေးပါသည့်ဒေသတစ်ခုလည်း ဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မကြာမီ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုအမျိုးသမီးတို့၏ ရိုးရှင်းသော အလှ

လာအိုအမျိုးသမီးများတွင်အထင်ရှားဆုံး သတိပြုမိနိုင်သည်မှာ ရိုးရာလုံချည် (Sinh) ကို အမြတ်တနိုး ဝတ်ဆင်ကြခြင်း၊ ဆံပင်ကို ရိုးရှင်းစွာထုံးခြင်း၊ ပျုငှါနွေးထွေးသော မျက်နှာနှင့်ရိုးသားသော အပြုံးတို့၏ အလှပင် ဖြစ်သည်။ ထိုဆံထုံးလေးများတွင် လာအိုတို့၏ အမျိုးသားပန်းဖြစ်သော Dok Champa (တရုတ်စံကားပန်း) ၊ ဆံထိုးလေးများကို ပန်ဆင်ထားမှုသည် ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေသည်။ ထိုသို့  ထုံးဖွဲ့လေ့ရှိကြသည့်အပြုအမူသည် ရှေးရိုးရာအစဉ်အလာကို လေးစားရာရောက်သလို၊ ဘုရားစေတီနှင့် သံဃာတော်များရှေ့မှောက်တွင်လည်း အလွန်ယဉ်ကျေးသိမ်မွေ့သော ဂါရဝတရားကို ပြသခြင်း ဖြစ်သည်။

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo- MFSD / ကိုမြင့်စိုး

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေးလေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071