လာအိုအမျိုးသမီးများတွင်အထင်ရှားဆုံး သတိပြုမိနိုင်သည်မှာ ရိုးရာလုံချည် (Sinh) ကို အမြတ်တနိုး ဝတ်ဆင်ကြခြင်း၊ ဆံပင်ကို ရိုးရှင်းစွာထုံးခြင်း၊ ပျုငှါနွေးထွေးသော မျက်နှာနှင့်ရိုးသားသော အပြုံးတို့၏ အလှပင် ဖြစ်သည်။
ထိုဆံထုံးလေးများတွင် လာအိုတို့၏ အမျိုးသားပန်းဖြစ်သော Dok Champa (တရုတ်စံကားပန်း) ၊ ဆံထိုးလေးများကို ပန်ဆင်ထားမှုသည် ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေသည်။
ထိုသို့ ထုံးဖွဲ့လေ့ရှိကြသည့်အပြုအမူသည် ရှေးရိုးရာအစဉ်အလာကို လေးစားရာရောက်သလို၊ ဘုရားစေတီနှင့် သံဃာတော်များရှေ့မှောက်တွင်လည်း အလွန်ယဉ်ကျေးသိမ်မွေ့သော ဂါရဝတရားကို ပြသခြင်း ဖြစ်သည်။
