Sunday, July 5, 2026

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင်...

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ...

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင်...

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ...
HomeMoviesကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂)...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။

ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလေ့ကျင့်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံ၏ မသန်စွမ်းတိုက်ကွမ်ဒိုအားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအတွေ့အကြုံများ ရရှိရေးနှင့် အားကစားစွမ်းရည် မြှင့်တင်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo- MFSD / ကိုမြင့်စိုး

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေးလေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌...

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များ ဖြစ်လာရန် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့် ပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားသည်။ ယင်းပြောကြားချက်ကို ဇူလိုင် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည့် AML/CFT ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးအခမ်းအနားနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071