Monday, May 18, 2026

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ ×...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး...

မြန်မာနိုင်ငံပြည်တွင်းတွင် ယနေ့ ဒုတိယအကြိမ်မြောက် ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါ့မြို့ ၏ အ‌ရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင် ရစ်ချက်တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်း ၁၂...
HomeMoviesတောင်ကိုရီးယားသမ္မတ လူထုထောက်ခံမှုနှုန်းလွန်စွာ ကျဆင်းသွား

တောင်ကိုရီးယားသမ္မတ လူထုထောက်ခံမှုနှုန်းလွန်စွာ ကျဆင်းသွား

ဆိုးလ်၊ မေလ ၁၈ ရက်

တောင်ကိုရီးယားသမ္မတ လီဂျေမျောင်း၏ လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယခင်အပတ်ထက် ၁.၁ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၇၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် အပတ်စဉ် လူထုသဘောထားစစ်တမ်းတစ်ခုအရ သိရသည်။

ဒေသတွင်း စစ်တမ်းကောက်ယူရေးအဖွဲ့တစ်ခုဖြစ်သည့် Flower Research ၏ ကွန်ပျူတာအကူအညီသုံး တယ်လီဖုန်းလူတွေ့မေးမြန်းမှု (CATI) စနစ်ဖြင့် ကောက်ယူချက်အရ သမ္မတ လီ၏ နိုင်ငံစီမံခန့်ခွဲမှုကို မလိုလားသည့် အဆိုးမြင်သုံးသပ်မှု သည် ၁.၄ ရာခိုင်နှုန်း တိုးလာပြီး ၂.၅ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအပေါ် ထောက်ခံမှုနှုန်းသည် ၃.၀ ရာခိုင်နှုန်း လျော့ကျကာ ၅၂.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး အတိုက်အခံ ကွန်ဆာဗေးတစ် ပြည်သူ့အင်အားပါတီ၏ ထောက်ခံမှုနှုန်းမှာမူ ၃.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂၇.၉ ရာခိုင်နှုန်း ရှိခဲ့သည်။

လက်ဝဲယိမ်း အသေးစားပါတီတစ်ခုဖြစ်သည့် Rebuilding Korea Party နှင့် လက်ယာယိမ်း အသေးစားပါတီတစ်ခုဖြစ်သည့် New Reform Party တို့၏ ပြီးခဲ့သည့်အပတ် ထောက်ခံမှုနှုန်းမှာ ၂.၀ ရာခိုင်နှုန်းနှင့် ၂.၆ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြသည်။

အဆိုပါစစ်တမ်းကောက်ယူရေးအဖွဲ့၏ အလိုအလျောက်တုံ့ပြန်မှုစနစ် (ARS) ဖြင့် သီးခြားကောက်ယူခဲ့သော စစ်တမ်းတွင်မူ သမ္မတ လီ၏ လူထုထောက်ခံမှုနှုန်းမှာ ၆၆.၃ ရာခိုင်နှုန်းရှိပြီး အဆိုးမြင်သုံးသပ်မှုမှာ ၃၁.၃ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဖော်ပြထားသည်။

ယင်း CATI နှင့် ARS စစ်တမ်းများကို သောကြာနေ့မှ စနေနေ့အထိ မဲဆန္ဒရှင် ၁,၀၀၁ ဦးနှင့် ၁,၀၀၂ ဦးတို့ကို အသီးသီး ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်တမ်းများသည် ယုံကြည်စိတ်ချရမှုအဆင့် ၉၅ ရာခိုင်နှုန်းရှိပြီး မှားယွင်းနိုင်ခြေ အနိမ့်အမြင့်အတိုင်းအတာ အပေါင်းအနုတ် ၃.၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် ဆစ်ဒနီမြို့၌  ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ခရိုက်စ်ချာ့ချ်မြို့၌ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲကို  အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ) မှ (အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ) အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ်...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိသည်။ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကာ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးသည် အရသာပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။ လက်ရှိ၌ ဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၄၀၀၀၀) ထိ စျေးရရှိနေသည်။ ယင်း ဒူးရင်းသီးများကို ဒေသတွင်း၌သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071