အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင် (၃၁)ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။
ယင်း အမိန့်ကြေညာချက်အရ ချင်းပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှုးကြီး ခင်မောင်ထွေး ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာရေးရာဝန်ကြီး ဦးတင်သန်းဝင်း ၊ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖြစ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ညီလန်းချို၊ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်း ရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်စွာမြင့် ၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင် ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ၊လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တို့ဖြင့်ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ကြေညာထားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ခန့်မွန်ဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ နှင့် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစောလင်းခယ်တို့ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာထားသည်။
