ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေမြင့်တက်လာချိန်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် ယင်း ဖြစ်စဥ်များမှကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရန် မယ်ဆိုင်ချောင်းတစ်လျောက် အလူရာဟိုတယ်အနောက်ရှိ အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် (၁,၄၂၀)ပေကို ကွန်ကရစ်ရေထိန်းနံရံဆောက်လုပ်သွားမည်ဖြစ်ကာ မြန်မာ-ထိုင်းချစ် ကြည်ရေး အမှတ်(၁)တံတားတွင်လည်း အစိုးရအဖွဲ့ ၏ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ရေထိန်းနံရံဆောက် လုပ်လျက်ရှိသည်။
ထို့ပြင် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက မယ်ခေါင်ရေထိန်းတံခါး၊ ရေအရင်းအ မြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာ-ထိုင်းချစ် ကြည်ရေး အမှတ်(၂)တံတားအနီးရှိ ရန်အောင်မြေရေထိန်းတံခါးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
