Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternationalတရုတ်-ဂျပန် ပညာရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ တိုကျို၌ကျင်းပပြုလုပ်

တရုတ်-ဂျပန် ပညာရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ တိုကျို၌ကျင်းပပြုလုပ်

တိုကျို၊နိုဝင်ဘာ ၁၃

ဒဿမ ကြိမ်မြောက် တရုတ်-ဂျပန် ပညာရေးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုညီလာခံကို တိုကျိုမြို့၌ကျင်းပခဲ့ပြီး တက္ကသိုလ်နှင့်ကျောင်းပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်ယဉ်ကျေးမှုဖလှယ်ရေးတို့ကို နက်ရှိုင်းစွာ ဆောင်ရွက်ရေး ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက နိုင်ငံတကာဆက်ဆံရေး၌ ပညာရေးနှီးနှောဖလှယ်ခြင်း၏အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ယင်းသို့နှီးနှောဖလှယ်ခြင်းများသည် ယခုနှစ်များအတွင်းပိုမိုတိုးတက်လာကာ သိသာသည့်အောင်မြင်မှုများရရှိခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

ယခုညီလာခံသည် ဂျပန်နှင့်တရုတ်အကြား နယ်ပယ်အသီးသီးရှိပူးပေါင်းဆောင်ရွက်မှုများအတွက် အသစ်အသစ်သောတွန်းအားများဖြစ်ပေါ်စေကာ အနာဂတ်အားအသစ်အားဖော်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန်မျှော်လင့်ကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ပညာရေး၊ယဉ်ကျေးမှု၊အားကစား၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ အဆင့်မြင့်ပညာရေးဗျူရိုမှတာဝန်ရှိသူ ယိုကိုအီတိုကမူ နှစ်နိုင်ငံတက္ကသိုလ်များအကြား ဖလှယ်ရေးသဘောတူညီချက် ၉,၀၀၀ ကျော်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယခုညီလာခံအား တရုတ်နိုင်ငံ၏ နိုင်ငံတကာနှီးနှောဖလှယ်ရေးဆိုင်ရာ ပညာရေးအသင်းမှကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဂျပန် – တရုတ်ယဉ်ကျေးမှုဖလှယ်ရေးစင်တာနှင့်ပူးတွဲပြုလုပ်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင်  ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။ အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071