ပေကျင်း၊မေ ၂
ဖက်ဆစ်ဆန့်ကျင်ရေးစစ်အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲကိုပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်နှင့်ရုရှားအကြား အနုပညာဖလှယ်မှုမြှင့်တင်သည့်အနေဖြင့် တရုတ်အနုပညာရှင်များ၏ လက်ရာများလည်း ထည့်သွင်းပြသသွားမည်ဟု သိရသည်။
“ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေး – ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲနှစ် ၈၀ ပြည့် အထိမ်းအမှတ်” ဟူသောခေါင်းစဉ်ဖြင့် အဆိုပါပြပွဲကို ပေကျင်းပြည်ပနိုင်ငံများချစ်ကြည်ရေးအသင်းနှင့် ပေကျင်း – ရုရှားယဉ်ကျေးမှုစင်တာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်ဟုသိရသည်။
တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့မှ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အနုပညာရှင်များအား ၎င်းတို့၏ လက်ရာများဖြင့် ပါဝင်ယှဉ်ပြိုင်ရန်လည်း ဖိတ်ကြားထားသည်။
ပန်းချီလက်ရာများတင်သွင်းနိုင်သည့်ကာလမှာ ဇွန်လလယ်အထိဖြစ်ပြီး အမှတ်ပေးအကဲဖြတ်ခြင်းကို ဇွန်လကုန်တွင်ပြုလုပ်ကာ ပြပွဲကို ပေကျင်းမြို့ရှိ China Millennium Monument တွင် သြဂုတ် ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်ဟုဆိုသည်။
ဆုများအား နိုင်ငံအသီးသီးအတွက် ပထမဆု ၁၅ဆု၊ ဒုတိယဆု ၂၅ ဆုနှင့် တတိယဆုရရှိသူ ၄၀ ဆုစသည်ဖြင့် စုစုပေါင်း ၈၀ ဦးအား ဆုများချီးမြှင့်မည်ဖြစ်သည်ဟု သိရသည်။
Source : ရှင်းဟွာ