Tuesday, September 1, 2026

အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို ဓားနဲ့ထိုး၊...

​ရဲကော်မရှင်နာ ဂျက်စီကာ တစ်ချ် (Jessica Tisch) က ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအမျိုးသမီးကို လက်နက်ချဖို့ လေးမိနစ်ကြာ အကြောင်းပြ ဖြောင်းဖြခဲ့ပေမဲ့ သူမက...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ...

ကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ–နီပေါဝန်ကြီးချုပ်

        နီပေါနိုင်ငံသည် မယုံကြည်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသော ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရပြီး အာဏာပိုင်များအနေဖြင့် လူရာပေါင်းများစွာ သေဆုံးရသည့် ရေကြီးရေလျှံမှု၏ အတိုင်းအဆ ပမာဏ ကို အပြည့်အဝ...

လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတားဆီးထိန်းချုပ်ရေးအတွက်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralmba တို့ သြဂုတ် ၃၁ ရက်ကတွေ့ဆုံ၍ အ...
HomeNewsLocal Newsတရုတ်နဲ့ ဗီဇာကင်းလွတ်ခွင့် ပေးရေး၊...

တရုတ်နဲ့ ဗီဇာကင်းလွတ်ခွင့် ပေးရေး၊ ယူကရိန်း ငြိမ်းချမ်းရေး – ပူတင် တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ တနင်္လာနေ့တုန်းက တရုတ်သမ္မတ ရှီကျင့်ဖိန်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

​ပူတင်က ရုရှားနဲ့ တရုတ်ကြား ဗီဇာကင်းလွတ်ခွင့် စနစ်ကို အပြီးအပိုင် အတည်ပြုပေးဖို့ အဆိုပြုခဲ့ပါတယ်။

​ရုရှားခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ မိုဒီက ယူကရိန်း ငြိမ်းချမ်းရေးနဲ့ အခြားကိစ္စရပ် အတော်များများကို ဆွေးနွေးဖို့ အကြံပြုခဲ့သလို ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု အားလုံးကို အိန္ဒိယအနေနဲ့ ဆက်လက် ထောက်ခံသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

​ပေကျင်းဘက်က သင့်တော်တယ်လို့ ယူဆရင် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် စနစ်ကို အပြီးအပိုင် ဖြစ်လာစေဖို့ ရုရှားဘက်က တရုတ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်။ “တရုတ်ဘက်က ဒါဟာ ဖြစ်နိုင်တယ်၊ အကျိုးရှိတယ်လို့ ယူဆရင် ဗီဇာကင်းလွတ်ခွင့် စနစ်ကို ကန့်သတ်ချက်မရှိ သက်တမ်းတိုးသွားဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ” လို့ ပူတင်က ပြောခဲ့ပါတယ်။

​ဒါ့အပြင် ဗီဇာကင်းလွတ်ခွင့် စနစ်ကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း နှစ်နိုင်ငံကြား ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့လည်း ပူတင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

​မိုဒီက ပူတင်နဲ့ တွေ့ဆုံစဉ် အခြားကိစ္စတွေအပြင် ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုပါ ဆွေးနွေးဖို့ အဆိုပြုခဲ့ပါတယ်။ ယူကရိန်း အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို အိန္ဒိယက ထောက်ခံသလို ရှေ့လျှောက်လည်း ဆက်လက်ထောက်ခံသွားမယ်လို့ မိုဒီက ပြောခဲ့ပါတယ်။ “ဒီကိစ္စမှာ ငြိမ်းချမ်းတဲ့ ကြိုးပမ်းမှုမှန်သမျှကို အိန္ဒိယက ထောက်ခံတယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။ နောင်မှာလည်း ကျွန်တော်တို့ ဆက်ပြီး ထောက်ခံသွားမှာပါ” လို့သူကပြောတာပါ။

​ယူကရိန်းမှာ တိုက်ပွဲတွေ ရပ်တန့်သွားဖို့က အလွန်အရေးကြီးတယ်လို့ မိုဒီက ယူဆထားပါတယ်။

​အိန္ဒိယဟာ ပြဿနာအားလုံးကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းရေးကိုလည်း လိုလားပြီး “ဒါဟာ လူသားအားလုံး လိုလားတောင်းဆိုနေတာဖြစ်သလို အိန္ဒိယရဲ့ သဝဏ်လွှာလည်း ဖြစ်ပါတယ်” လို့ မိုဒီက ပြောပါတယ်။
​ရုရှားအနေနဲ့လည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ကြိုးပမ်းနေပါတယ်လို့ ပူတင်က ပြောခဲ့ပြီး “ကျွန်တော်တို့ ဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပါတယ်” လို့ ဆိုပါတယ်။

​မိုဒီရဲ့ “ကိုယ်တိုင်ကိုယ်ကျ အလေးထားမှု” ကြောင့် ရုရှား-အိန္ဒိယ ဆက်ဆံရေး ပိုမိုခိုင်မာလာတာဖြစ်တယ်လို့ ပူတင်က ထောက်ပြခဲ့ပါတယ်။ “အထူးအခွင့်အရေးရ သေနင်္ဂဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး အခြေခံမူတွေပေါ်မှာ ရုရှား-အိန္ဒိယ ဆက်ဆံရေး ဆက်လက်ခိုင်မာနေတာကို ဝမ်းမြောက်စွာနဲ့ ပြောချင်ပါတယ်။ ရုရှား-အိန္ဒိယ ဆက်ဆံရေး တိုးတက်ဖို့ ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ အလေးထား ဆောင်ရွက်ပေးတာရော၊ ကျွန်တော်တို့ကြားမှာ စီးပွားရေး ဆက်ဆံရေးတင်မကဘဲ အင်မတန် နွေးထွေးတဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးချစ်ကြည်မှုတွေ ရှိနေတာကြောင့်ပါ ဒါတွေ ဖြစ်လာရတာပါ”လို့ ပူတင်ကပြောတာပါ။

​ရုရှားနဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုဟာလဲ “စီးပွားရေး ကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံမှာ” တိုးတက်နေတယ်လို့ ပူတင်က ထောက်ပြခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ စွမ်းအင်၊ စက်မှုလုပ်ငန်း၊ အာကာသ၊ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍတွေမှာ အဓိက စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်နေကြပါတယ်”လို့ သူကဆိုပါတယ်။

​ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မရေရာမှုတွေ တိုးပွားလာနေပေမဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘုံဆန္ဒကတော့ ပြောင်းလဲမှုမရှိဘဲ ဆက်ရှိနေတယ်လို့ ရှီကျင့်ဖိန်က ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်း မကြုံစဖူး မြန်ဆန်တဲ့ အပြောင်းအလဲတွေကြား မရေရာမှုတွေ၊ ခန့်မှန်းရခက်တာတွေ သိသိသာသာ တိုးပွားလာနေပေမဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကျိုးရှိရေး လိုလားချက်တွေကတော့ မပြောင်းလဲဘဲ ရှိနေဆဲပါ။ “နှစ်ဖက်လုံးရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေကြောင့်” တရုတ်နဲ့ ရုရှား ဆက်ဆံရေး တိုးတက်မှု အခြေခံအုတ်မြစ်ဟာ “ပိုလို့တောင် ခိုင်မာလာမှာဖြစ်ပါတယ်” လို့ ရှီက ဆိုခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို ဓားနဲ့ထိုး၊ တရားခံ အသေဖမ်းမိ​တနင်္လာနေ့ မွန်းလွဲပိုင်းက လူစည်ကားလှတဲ့ နယူးယောက်မြို့ တိုင်းမ်စကွဲယား (Times Square) အလယ်ခေါင်မှာ ဓားနှစ်ချောင်း ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ လမ်းသွားလမ်းလာ နှစ်ယောက်ကို အကြောင်းမဲ့ လိုက်ထိုးခဲ့တာကြောင့် အထိုးခံရသူ တစ်ဦး ‌ေ-သဆုံးသွားခဲ့ပြီး၊ သူမကို...

​ရဲကော်မရှင်နာ ဂျက်စီကာ တစ်ချ် (Jessica Tisch) က ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအမျိုးသမီးကို လက်နက်ချဖို့ လေးမိနစ်ကြာ အကြောင်းပြ ဖြောင်းဖြခဲ့ပေမဲ့ သူမက ရဲတွေကို "ငါ ဘာမှ မချပေးနိုင်ဘူး။ မင်းတို့ နှစ်ယောက်လုံးကို သ-တ်ပ-စ်လိုက်ရတာကမှ ပိုကောင်းဦးမယ်" လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ​ဒီရုန်းရင်းဆန်ခတ်မှုဟာ မွန်းလွဲ ၄ နာရီ ၃၀ မိနစ် မတိုင်မီလေးမှာ စတင်ဖြစ်ပွားခဲ့တာပါ။ မစ္စတစ်ချ်ရဲ့ ပြောကြားချက်အရ အသက် ၄၉ နှစ်အရွယ် ပမဲလား ဆစ်စနဲရော့စ်(Pamela Cisneros)...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးရသည်ဟု...

ကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ–နီပေါဝန်ကြီးချုပ်

        နီပေါနိုင်ငံသည် မယုံကြည်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသော ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရပြီး အာဏာပိုင်များအနေဖြင့် လူရာပေါင်းများစွာ သေဆုံးရသည့် ရေကြီးရေလျှံမှု၏ အတိုင်းအဆ ပမာဏ ကို အပြည့်အဝ အကဲဖြတ်ရန် ရုန်းကန်နေရကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက ပြောကြားခဲ့သည်။           သြဂုတ်လ ၂၆ ရက်နေ့က ကျေးရွာများနှင့် မြို့များသို့ ရေခဲ၊ ကျောက်တုံးများနှင့် အပျက်အစီးအပိုင်းအစများပါဝင်သော လှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ နီပေါနှင့် တိဘက်နှစ်ဖက်စလုံးတွင် လူ ၇၉၇ ဦး ထက်မနည်းသေဆုံးခဲ့သည်။       “မယုံနိုင်လောက်အောင် ကြေကွဲစရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်မျိုးနဲ့ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရပါတယ်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071