Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsတရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးသော...

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးသော ကိုဗစ်ကာကွယ်ဆေးများ ကူမင်းမှတစ်ဆင့် စတင်ပို့ဆောင်

(Unicode)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးသော ကိုဗစ်ကာကွယ်ဆေးများ ကူမင်းမှတစ်ဆင့် စတင်ပို့ဆောင်

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကူညီပံ့ပိုးသည့် Sinovac ကိုဗစ် Vaccine အကြိမ်ရေ (Doses) ၇၄၆၈၀၀ ကို ယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ပို့ဆောင်လိုက်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။

ကာကွယ်ဆေးများ သီးသန့်ပို့ဆောင်သည့်ယာဉ် ၇ စီးသည် မြန်မာနိုင်ငံနယ်စပ်တလျှောက်ရှိ ယူနန်ပြည်နယ်၏ နယ်စပ်မြို့များသို့ ပို့ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့တွင် တာလော့၊ ရွှေလီ၊ ရင်ကျန်း၊ နမ်စန်၊ ဟိုချောင်၊ မုန့်လျန် စသည့်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်က ကာကွယ်ဆေးများအား လက်ခံရယူခဲ့ပြီး ကာကွယ်ဆေး(၁)သန်းကို ၁၂-၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းတစ်ရပ် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကိုဗစ်-၁၉ Vaccine Doses ၁ သန်း ကူညီပံ့ပိုးထားပြီး ယခု ပထမအသုတ်အနေဖြင့် Sinovac ကိုဗစ် Vaccine အကြိမ်ရေ (Doses) ၇၄၆၈၀၀ ကို ကနဦးပေးပို့ခဲ့ကာ ဒုတိယအသုတ် Vaccine Doses ၂၅၃၂၀၀ ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပေကျင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့မတိုင်မီ အသုတ်ခွဲပို့ဆောင်၍ မြန်မာနိုင်ငံသို့ Vaccine အားလုံး လွှဲပြောင်းပေးအပ်မည်ဟုသိရှိရသည်။

အဆိုပါ Vaccine ၁ သန်းကို တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အသုံးပြုမည်ဖြစ်သည်ဟုသိရှိရသည်။

(Zawgyi)

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ကူညီပံ့ပိုးေသာ ကိုဗစ္ကာကြယ္ေဆးမ်ား ကူမင္းမွတစ္ဆင့္ စတင္ပို႔ေဆာင္

တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံေျမာက္ပိုင္းသို႔ ကူညီပံ့ပိုးသည့္ Sinovac ကိုဗစ္ Vaccine အႀကိမ္ေရ (Doses) ၇၄၆၈၀၀ ကို ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ယေန႔ ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ စတင္ပို႔ေဆာင္လိုက္ၿပီဟု ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွသိရသည္။

ကာကြယ္ေဆးမ်ား သီးသန႔္ပို႔ေဆာင္သည့္ယာဥ္ ၇ စီးသည္ ျမန္မာႏိုင္ငံနယ္စပ္တေလွ်ာက္ရွိ ယူနန္ျပည္နယ္၏ နယ္စပ္ၿမိဳ႕မ်ားသို႔ ပို႔ေဆာင္ခဲ့ၿပီး ဇန္နဝါရီ ၁၂ ရက္ေန႔တြင္ တာေလာ့၊ ေ႐ႊလီ၊ ရင္က်န္း၊ နမ္စန္၊ ဟိုေခ်ာင္၊ မုန႔္လ်န္ စသည့္နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ လႊဲေျပာင္းေပးအပ္မည္ ျဖစ္သည္။

တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာ ေကာင္စစ္ဝန္ခ်ဳပ္ဦးေသာ္တာေအာင္က ကာကြယ္ေဆးမ်ားအား လက္ခံရယူခဲ့ၿပီး ကာကြယ္ေဆး(၁)သန္းကို ၁၂-၁-၂၀၂၂ ရက္ေန႔တြင္ ျမန္မာႏိုင္ငံရွိ ျမန္မာ-တ႐ုတ္ နယ္စပ္ၿမိဳ႕(၅)ၿမိဳ႕သို႔ ျဖန႔္ေဝေပးသြားမည္ျဖစ္ေၾကာင္း နစက ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းတစ္ရပ္ ထုတ္ျပန္ထားသည္။

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံေျမာက္ပိုင္းသို႔ ကိုဗစ္-၁၉ Vaccine Doses ၁ သန္း ကူညီပံ့ပိုးထားၿပီး ယခု ပထမအသုတ္အေနျဖင့္ Sinovac ကိုဗစ္ Vaccine အႀကိမ္ေရ (Doses) ၇၄၆၈၀၀ ကို ကနဦးေပးပို႔ခဲ့ကာ ဒုတိယအသုတ္ Vaccine Doses ၂၅၃၂၀၀ ကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တြင္ ေပက်င္းၿမိဳ႕မွ စတင္ပို႔ေဆာင္မည္ျဖစ္ၿပီး မတ္လ ၁၀ ရက္ေန႔မတိုင္မီ အသုတ္ခြဲပို႔ေဆာင္၍ ျမန္မာႏိုင္ငံသို႔ Vaccine အားလုံး လႊဲေျပာင္းေပးအပ္မည္ဟုသိရွိရသည္။

အဆိုပါ Vaccine ၁ သန္းကို တ႐ုတ္ႏိုင္ငံႏွင့္ ထိစပ္ေနေသာ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္တို႔တြင္ အသုံးျပဳမည္ျဖစ္သည္ဟုသိရွိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071