တရုတ်နိုင်ငံတော်ကောင်စီသည် ကြာသပတေးနေ့တွင် အရာရှိအချို့ကို ခန့်အပ်ခြင်းနှင့် အချို့ကို ရာထူးမှဖယ်ရှားခြင်းတို့ကို ကြေညာခဲ့သည်။
ဝမ် ဝင်ဂျန် ကို နိုင်ငံတော်ကျန်းမာရေးစောင့်ရှောက်မှုဖူလုံရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး ဝမ် ဇီဂန် အား နိုင်ငံတော်သာသနာရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ဝမ် ချန်း ကို တရုတ်အင်ဂျင်နီယာအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားလိုက်သည်။
Ref: ရှင်းဟွာ
