Thursday, August 6, 2026

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်အတွက် ဂျိုရှုအာဗန်နှင့်...

UFC ဖလိုင်းဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျိုရှုအာဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ မြန်မာ–ထိုင်း...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်...
HomeNewsLocal Newsတတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာဦးစားပေးခဲ့၍ မြန်မာ့ပညာရေးအားနည်းခဲ့ဟု...

တတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာဦးစားပေးခဲ့၍ မြန်မာ့ပညာရေးအားနည်းခဲ့ဟု နစကဥက္ကဋ္ဌ ဝေဖန်

(Unicode)

တတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာဦးစားပေးခဲ့၍ မြန်မာ့ပညာရေးအားနည်းခဲ့ဟု နစကဥက္ကဋ္ဌ ဝေဖန်

မိမိအနေဖြင့် ပညာရေးကိုအလေးထားကာ မိမိတို့နိုင်ငံ၏ပညာရေးကို တိုးတက်စေလိုပြီး ပညာရေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအခါ နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။

ဇန်နဝါရီ ၁၇ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်းအမှာစကားပြောကြားရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုလိုနီနယ်ချဲ့များ အုပ်ချုပ်ခဲ့သည့်အချိန်ကာလတွင် ပညာရေးနိမ့်ကျခဲ့ရပြီး လွတ်လပ်ရေးရရှိချိန်တွင်လည်း ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပညာသင်ကြားရေးအတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ပညာရေးနိမ့်ကျမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည့်အပြင် ပြည်နယ်များနှင့် တိုင်းရင်းသားဒေသများတွင်လည်း ဘာသာစကား အခက်အခဲများနှင့် အခြားသောသွားလာရေး အခက်အခဲများကြောင့် ကျေးလက်ပညာရေးသည် အားနည်းခဲ့ရသည့်အကြောင်း အစိုးရအဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့ချိန်များတွင်လည်း ဆရာ၊ ဆရာမများ မပြည့်စုံမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့မှုများရှိခဲ့ကြောင်းအပါအဝင် ဆိုရှယ်လစ်ခေတ်ပညာသင်ကြားရေးစနစ်တွင် အားနည်းချက်နှင့် အားသာချက်များရှိခဲ့ပြီး အဓိကအားဖြင့် အင်္ဂလိပ်စာသင်ကြားမှုများတွင် အားနည်းခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အဆင့်မြင့်ပညာများ သင်ကြားရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းများအား ၃ နှစ်ခန့် ပိတ်ထားခဲ့ရကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားမှုများအား အခြေခံပညာစနစ်နှင့် အဆင့်မြင့်ပညာစနစ်များ အမှန်တကယ်တတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည့်အတွက် အခြေခံပညာတွင်အားနည်းခဲ့သကဲ့သို့ အဆင့်မြင့်ပညာ သင်ကြားမှုများလည်း အားနည်းခဲ့သည်ကိုတွေ့ရှိရသည့်အကြောင်း စသည်တို့ကိုပါ ပြောဆိုခဲ့သည်။

နိုင်ငံလူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာဘွဲ့ရ ရှိကာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည့် အခြေအနေတွင်ရှိနေသည်။ အလားတူလူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ဟုသိရသည်။

(Zawgyi)

တတ္ေျမာက္ေရးထက္ အတန္းတက္ေရးကိုသာဦးစားေပးခဲ့၍ ျမန္မာ့ပညာေရးအားနည္းခဲ့ဟု နစကဥကၠ႒ ေဝဖန္

မိမိအေနျဖင့္ ပညာေရးကိုအေလးထားကာ မိမိတို႔ႏိုင္ငံ၏ပညာေရးကို တိုးတက္ေစလိုၿပီး ပညာေရး ဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ယခုအခါ ႏွစ္ ၃၀ အမ်ိဳးသားပညာေရးစီမံကိန္းျဖင့္ ဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒ က ေျပာသည္။

ဇန္နဝါရီ ၁၇ရက္က ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာက႑ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးအတြင္းအမွာစကားေျပာၾကားရာတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကိုလိုနီနယ္ခ်ဲ႕မ်ား အုပ္ခ်ဳပ္ခဲ့သည့္အခ်ိန္ကာလတြင္ ပညာေရးနိမ့္က်ခဲ့ရၿပီး လြတ္လပ္ေရးရရွိခ်ိန္တြင္လည္း ျပည္တြင္းေသာင္းက်န္းမႈမ်ားေၾကာင့္ ပညာသင္ၾကားေရးအတြက္ အခက္အခဲမ်ားျဖစ္ေပၚခဲ့သျဖင့္ ပညာေရးနိမ့္က်မႈမ်ား ထပ္မံျဖစ္ေပၚခဲ့သည့္အျပင္ ျပည္နယ္မ်ားႏွင့္ တိုင္းရင္းသားေဒသမ်ားတြင္လည္း ဘာသာစကား အခက္အခဲမ်ားႏွင့္ အျခားေသာသြားလာေရး အခက္အခဲမ်ားေၾကာင့္ ေက်းလက္ပညာေရးသည္ အားနည္းခဲ့ရသည့္အေၾကာင္း အစိုးရအဆက္ဆက္ တာဝန္ယူေဆာင္႐ြက္ခဲ့ခ်ိန္မ်ားတြင္လည္း ဆရာ၊ ဆရာမမ်ား မျပည့္စုံမႈႏွင့္ အျခားေသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးအားနည္းခဲ့မႈမ်ားရွိခဲ့ေၾကာင္းအပါအဝင္ ဆိုရွယ္လစ္ေခတ္ပညာသင္ၾကားေရးစနစ္တြင္ အားနည္းခ်က္ႏွင့္ အားသာခ်က္မ်ားရွိခဲ့ၿပီး အဓိကအားျဖင့္ အဂၤလိပ္စာသင္ၾကားမႈမ်ားတြင္ အားနည္းခဲ့သျဖင့္ ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္းႏိုင္ေရးအတြက္ အဆင့္ျမင့္ပညာမ်ား သင္ၾကားရန္အတြက္ အခက္အခဲမ်ား ျဖစ္ေပၚခဲ့သည့္အေၾကာင္း၊ ၁၉၈၈ ခုႏွစ္ အေရးအခင္းကာလေနာက္ပိုင္း ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ တာဝန္ယူခ်ိန္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းမ်ားအား ၃ ႏွစ္ခန႔္ ပိတ္ထားခဲ့ရေၾကာင္း၊ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ပညာသင္ၾကားမႈမ်ားအား အေျခခံပညာစနစ္ႏွင့္ အဆင့္ျမင့္ပညာစနစ္မ်ား အမွန္တကယ္တတ္ေျမာက္ေရးထက္ အတန္းတက္ေရးကိုသာ ဦးစားေပးေဆာင္႐ြက္ခဲ့သည့္အတြက္ အေျခခံပညာတြင္အားနည္းခဲ့သကဲ့သို႔ အဆင့္ျမင့္ပညာ သင္ၾကားမႈမ်ားလည္း အားနည္းခဲ့သည္ကိုေတြ႕ရွိရသည့္အေၾကာင္း စသည္တို႔ကိုပါ ေျပာဆိုခဲ့သည္။

ႏိုင္ငံလူဦးေရ ၅၅ သန္းတြင္ ၃ သန္းခန႔္သာဘြဲ႕ရ ရွိကာ လူဦးေရ၏ ၁၀ ရာခိုင္ႏႈန္းေအာက္သာ အဆင့္ျမင့္ပညာကို သင္ၾကားႏိုင္သည့္ အေျခအေနတြင္ရွိေနသည္။ အလားတူလူဦးေရ ၁၈ သန္းေက်ာ္ခန႔္သည္ အေျခခံပညာသင္ၾကားမႈတြင္လည္း မူလတန္းႏွင့္ အလယ္တန္းအဆင့္တြင္သာ သင္ၾကားႏိုင္ခဲ့သည္ဟုသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071