တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ် ၂ ရက်တွင် လွှတ်တော်ရုံးသို့ ကြိုတင်သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးစတင်သည့်ရက်တွင် အစည်းအဝေးခန်းမသို့ မိနစ်(၃ဝ)ကြိုတင်ရောက်ရှိနေရာယူရမည်ဖြစ်ကာ အစည်းအဝေးမတက်ရောက်နိုင်ပါက ခွင့်တိုင်ကြားစာများအား တစ်ရက်ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)တို့အရကျင်းပမည်ဖြစ်ကြောင်း သိရသည်။
