Monday, September 21, 2026

ပဲခူးတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကို မနက်ဖြန်ကျင်းပမည့် ပဲခူးတိုင်းလွှတ်တော်သို့တင်သွင်းမည်

ပဲခူးတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နံ နက်တွင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့) ၌တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေမူကြမ်းကို...

ရန်ကုန်မြို့နှင့် ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံထူထောင်သည့် သဘောတူညီချက်လက်မှတ်ထိုး

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူထောင်သည့် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက်က ဝူဟန်မြို့၌ကျင်းပခဲ့သည်။ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့် ဝူဟန်မြို့တော်ဝန် မစ္စတာ Xiong...

System Breakdown ဖြစ်ရခြင်းမှာ အကြမ်းဖက်အဖွဲ့များ၏ဖျက်ဆီးမှုများနှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System Breakdown မကြာခဏဖြစ်ပေါ်နေရခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ် လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှအကာအကွယ်ရရှိနိုင်ရန်...

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...
HomeNewsLocal Newsတတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး...

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၁

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့ပြင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် “အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” တို့ကိုလည်း လက်ခံခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားသည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ” နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်၌ အသိပေးခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တတိယပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကို မနက်ဖြန်ကျင်းပမည့် ပဲခူးတိုင်းလွှတ်တော်သို့တင်သွင်းမည်

ပဲခူးတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ(မူကြမ်း)ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နံ နက်တွင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့) ၌တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေမူကြမ်းကို ပဲခူးတိုင်းအစိုးရအဖွဲ့ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန် ကြီးကတင်သွင်းသွားမည်ဖြစ်ကာ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးကလည်း ၂၀၂၇-၂၀၂၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကိုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါက်တာပွင့်ဆန်း၊ ဒိုက်ဦးမြို့နယ်ကိုယ်စား လှယ်အမှတ်(၁)က ကွယ်လွန်သွားသော ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)အတွက် "ဝမ်း နည်းကြောင်းအဆို"ကိုတင်သွင်းပြီး...

ရန်ကုန်မြို့နှင့် ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံထူထောင်သည့် သဘောတူညီချက်လက်မှတ်ထိုး

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူထောင်သည့် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက်က ဝူဟန်မြို့၌ကျင်းပခဲ့သည်။ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့် ဝူဟန်မြို့တော်ဝန် မစ္စတာ Xiong Zheng Yu တို့က ညီအစ်မမြို့တော်ဆက်ဆံရေးနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနား၌လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် ရန်ကုန်မြို့တော်ဝန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာမြို့တော်ဝန်များတွေ့ဆုံဆွေးနွေးပွဲ၌ နည်းပညာဆန်းသစ်တီထွင်မှုမှတစ်ဆင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ စက်မှုလက်မှုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြို့ပြပွင့်လင်းမြင်သာမှုကိုတိုးချဲ့ခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းမှတစ်ဆင့် လူနေမှုဘဝအရည် အသွေးကိုမြှင့်တင်ခြင်းခေါင်းစဉ်(၃)ခုအား ပါဝင်ဆွေးနွေးခဲ့သည်။ ထို့အတူ ၂၀၂၆ ဝူဟန်မြို့ နိုင်ငံတကာချစ်ကြည်ရေးမြို့များ၏ ပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့လည်း ရန်ကုန်မြို့တော်ဝန်ကတက်ရောက်ခဲ့ပြီး ယင်း အခမ်းအနားများအား ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ...

System Breakdown ဖြစ်ရခြင်းမှာ အကြမ်းဖက်အဖွဲ့များ၏ဖျက်ဆီးမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်နှောင့်ယှက်ဖျက်ဆီးသူများကို ဖော်ထုတ်သတင်းပေး ကြရန်မေတ္တာရပ်ခံ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System Breakdown မကြာခဏဖြစ်ပေါ်နေရခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ် လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှအကာအကွယ်ရရှိနိုင်ရန် တာဝါတိုင်များတွင်တပ်ဆင်ထားသည့် မြေစိုက် ကြိုးများဖြတ်ခိုးခံရခြင်း၊ တာဝါတိုင်အခြေမှ သံဘောင် များ၊ ဘိုနပ်များဖြုတ်ခိုးခံရယူခြင်းတို့ကြောင့် ဓာတ် အားစနစ်သည် မိုးကြိုးလျှပ်စီးဒဏ်မှ အကာအကွယ်မဲ့ကာ ဝန်သယ်ကြိုးများတွင် ဒဏ်များပိုမိုဖြစ်ပေါ်လာသည်ဟု အသိပေးခဲ့သည်။ ထိုသို့ ဖြစ်ပေါ်လာရာမှ ပြတ်ကျခြင်း၊ တာဝါတိုင်များကြံ့ခိုင်မှုအားနည်းသွားပြီး အလိုအလျောက်(သို)သာ မန်လေပြင်းတိုက်ရုံမျှဖြင့် ပြိုလဲခြင်းတိုဖြစ်ပေါ်လျက်ရှိသည့်အပြင် အချို မဟာဓာတ်အားလိုင်းကြီးများဖျက် ဆီးခံထားရချိန်တွင် ကျန်ရှိသော ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071