Thursday, August 13, 2026

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ်...

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန်...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန်...
HomeNewsLocal Newsတစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန် အနီးစခန်းလေဆိပ်ကိုအဆင့်မြှင့်တင်နေ

တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန် အနီးစခန်းလေဆိပ်ကိုအဆင့်မြှင့်တင်နေ

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတပြော

တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန်အတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုကို ယနေ့ မေ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတက ကြည့်ရှုစစ်ဆေးခဲ့သည်။

” အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ခဲ့တာဟာ ပြည်တွင်းခရီးစဉ်တွေအတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြင်ဦးလွင်ဒေသကထွက်ရှိတဲ့ သစ်သီးတွေနဲ့ ပန်းမန်တွေကို တခြားဒေသတွေဆီ လွယ်ကူလျင်မြန်စွာနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုစေဖို့ရည်ရွယ်ဆောင်ရွက်တာပါ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် လက်ရှိလေဆိပ်အသစ်တည်ဆောက်ထားမှုအရ တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့် ဝင်/ထွက်နိုင်ရန်ဆောင်ရွက်ထား၍ လေဆိပ်အတွင်း ခရီးသွားများနားနေရန် ထိုင်ခုံနေရာချထားမှုများကို စနစ်တကျဆောင် ရွက်ရမည်ဖြစ်ကာ လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်းဖြစ်စေရန် စနစ်တကျတွက်ချက်တည်ဆောက်အဆင့်မြှင့်တင်ရမည်ဟု ပြောသည်။

ထို့အတူ လေဆိပ်တွင် လေယာဉ်ဆင်းသက်မှုနှင့်ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျဆောင်ရွက်ရန်၊ လေဆိပ်ပတ်ဝန်းကျင်စိမ်းလန်းသာယာမှုရှိစေရေးအတွက် သစ်ပင်များစိုက်ပျိုးရန်လည်း နိုင်ငံတော်သမ္မတကမှာကြားပြီး လေဆိပ်အဆင့်မြှင့်တင်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

လေယာဉ်ကွင်းဆိုင်ရာအချက်အလက်များ၊ လေယာဉ်ကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရာတွင် အရည်အသွေးပြည့်မီမှုရှိစေရေးအတွက်အရည်အသွေးစစ်ဆေး ထိန်းသိမ်းရေးအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှု၊ လေဆိပ်အဆောက်အဦသစ်တည်ဆောက်ပြီးစီးမှု၊ လေယာဉ်ရပ်နားရန်နေရာသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဝင်လမ်းနှင့် လေဆိပ်ဝန်းကျင် အဆင့်မြှင့်တင်လျက်ရှိမှု၊ လေကြောင်းထိန်းမျှော်စင်အ သစ်တည်ဆောက်ပြီးစီးမှုတို့ကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် YGN 8F/2F----- NISSAN MARCH အမျိုးအစား...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071