တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ နိုဝင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ်မည်
ကိုဗစ်ကြောင့် ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများအား ယခုအောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနကစီစဉ်နေသည်။
ကျောင်းဖွင့်တော့မည်ဖြစ်၍ ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးများဆောင်ရွက်ကြရန်နှင့်စာသင်ခန်းများပြင်ဆင်ခြင်းလုပ်ငန်းများ ကြိုတင်စီစဉ်ထားရှိရန် မြို့နယ်ပညာရေးမှူးများအား သက်ဆိုင်ရာက စာပို့ထားသည်။
စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းများ ဦးစွာဖွင့်လှစ်သွားရန်ရှိနေသည်။ အောက်တိုဘာ ၁၆ရက်ကစပြီး အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန်ရှိနေသည်။