Friday, September 18, 2026

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ်...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု...
HomeCelebrities' Newsတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့...

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ၂၈ နှစ်မှသည် နှစ်ပေါင်းများစွာ ဆက်လက် ဖြတ်သန်းနေဦးမယ့် Iron Cross တေးဂီတ၀ိုင်း

မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး တေးဂီတဝိုင်းဖြစ်တဲ့ Iron Cross ရဲ့ဖြတ်သန်းမှုကာလဟာ ၂၈ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ၂၈ နှစ်တိုင် တစ်သားတည်းဖြတ်သန်းလာခဲ့တဲ့Iron Cross အဖွဲ့သားတွေက ၂၈နှစ် ပြည့်အမှတ်တရကိုတော့ ဧပြီလ ၂၇ ရက်နေ့ ညပိုင်းက အမှတ်တရ ညစာစားရင်း၊ ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောရင်းဖြတ်သန်းဖြစ်ခဲ့ကြပါတယ်။

“ပျော်စရာ ကောင်းတာလေးတွေ ပြန်ပြောပြီး ရယ်ကြတာပေါ့လေ။ ဒါပါပဲ။ နောက်တစ်ခုက ဒီနှစ်မလာနိုင်တဲ့သူတွေရှိတော့ သူတို့တွေရဲ့ အတင်း ပြောပေါ့။ ဒါပါပဲ” လိုIron Cross မှ ဦးကိုကိုလွင်က ပြောပါတယ်။ ဒီနှစ်မှာတော့ အဆိုတော်ကြီးလေးဖြူက ညောင်ဦးရောက်နေသလို ဝိုင်ဝိုင်းကလည်း ထိုင်ဝမ်ရောက်နေပါတယ်။ နောက်ပြီး ကိုဗညားကလည်း စင်ကာပူရောက်နေတယ်ဆိုတော့ သူတို့ ၃ ဦးကတော့ ညစာစားပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။  Iron Cross  ကတော့ မေလထဲမှာ တောင်ကြီးရှိုးပွဲရှိတယ်လို့လည်း သိရပါတယ်။

၂၈နှစ်တိုင် အဖွဲ့သားတွေ စည်းစည်းလုံးလုံးနဲ့ ရှိနေခဲ့လို့လည်း Iron Crossဆိုတာ ယနေ့တိုင် အောင်မြင်နေဆဲ ရှိနေတာပါ။ှုမသည ဃမသျ ပရိသတ်တွေကိုလည်း ဦးကိုကိုလွင်က “အဓိကက အားပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစ်ကိုတို့ကတော့ တစ်နှစ်ပြည့်တိုင်း နောက်တစ်နှစ် သက်တမ်း ထပ်ရှည်ဖို့ ကြိုးစားရမှာပေါ့။ အခုဆိုရင် ၂၈ နှစ်ဆိုတော့ နောက်ထပ် ၂၉ နှစ်တို့၊ နှစ် ၃ဝ ပြည့်တို့ တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့ သက်တမ်းရှည်အောင်ကြိုးစားရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုရအောင် လုပ်ရမယ်။ ဒီအချိန်မှာ အားလုံး ကလည်း အသက်တွေရလာပြီဆိုတော့ နားလည်နေကြပါပြီ။ အဆင်ပြေပါတယ်။ ဒီလိုပဲ အရှည်ကြီး ဖြတ်သန်းမယ်လို့ စဉ်းစားထားပါတယ်။ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071