Wednesday, May 6, 2026

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...
HomeCelebrities' Newsတစ်ကိုယ်တော် စီးရီးခွေတွေ ထွက်ရှိတော့မှာမဟုတ်တဲ့အဆိုတော်နေနေ 

တစ်ကိုယ်တော် စီးရီးခွေတွေ ထွက်ရှိတော့မှာမဟုတ်တဲ့အဆိုတော်နေနေ 

အသံစူးစူးလေးနဲ့ ပရိသတ်ရဲ့ စိတ်နှလုံးကို အမြဲတမ်းဆွဲဆောင်နေတဲ့ အဆိုတော်နေနေက လတ်တ လောမှာတော့ သီချင်းခွေတွေထွက် ဖို့အစီအစဉ်တွေ လုံးဝမရှိတော့ဘဲ သီချင်းတစ်ပုဒ်ချင်းစီကိုပဲ အွန်လိုင်း ပေါ်ကနေ ပရိသတ်တွေအတွက် တင်ပေးဖို့ရှိပါတယ်လို့ သူမက အခုလိုပြောပြပါတယ်။

“အစ်မဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတစ်ပုဒ် ထွက်ထားပါတယ်။ မုန်းတဲ့ အချစ်ဆိုပြီးတော့ အွန်လိုင်းပေါ်မှာ ဖြန့်ထား ပါတယ်။ music arrange အစ်မရဲ့ ခဲအို ကိုဝိုင်း အောင်ပါ။ အစ်မအခု နောက်ပိုင်း အွန်လိုင်းမှာပဲ သီချင်း တွေ တင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အစ်မတစ်ကိုယ်တော်စီးရီးခွေထွက်ရှိဖို့ အစီအစဉ်မရှိတော့ဘူး။ စီးရီးခွေလည်း မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်ကြီးမှာ ဘယ်အဆိုတော်မှ လည်း စီးရီးခွေတွေကို သိပ်မထုတ်တော့ဘူး။ စပွန်ဆာကောင်းကောင်း ရှိရင်ရှိ၊ မရှိရင် တော့ ကိုယ့်ဘာသာကိုယ်လုပ်ဖို့ဆိုတာ အကုန်ခဲယဉ်းသွားပြီ။ တချို့ ကျတော့လည်း စီဒီတွေထွက်တာ များတယ်။ ထုတ်နိုင်တဲ့သူတွေက လည်း စီဒီရော၊ ဗွီစီဒီရော ထုတ်ကြပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ ဗွီစီဒီက ပိုက်ဆံအကုန်ခံနိုင်မှ ရမှာဆိုတော့ အဲဒါတွေနဲ့ပတ်သက်ပြီး မပြော ချင်တော့ဘူး။ ကိုယ့်ဘာသာ အကောင်းဆုံးလုပ်ဖို့ပဲ စဉ်းစားထားပါတယ်”လို့ နေနေက ပြောပါတယ်။

အနုပညာလောကထဲကို ချမ်း ချမ်း၊ နေနေဆို ပြီး ညီအစ်မနှစ်ယောက်အတူတူ ဝင်ရောက်လာတဲ့ အချိန်မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ညီအစ်မနှစ်ယောက် တွေ့ဆုံတဲ့ အချိန်မှာလည်း သီချင်းတွေ ဖန်တီးတာနဲ့ပတ်သက်ပြီး တိုင်ပင်ဖြစ် လားလို့ မေးကြည့်တဲ့အခါမှာတော့ နေနေက “သူနဲ့နှစ်ယောက် ချင်းတွေ့ဆုံဖြစ်ရင် အဲဒီလိုမျိုး သီချင်းအကြောင်းတွေ မပြောဖြစ် ဘူး။ မိသားစုအကြောင်းတွေ၊ အလှအပအကြောင်းတွေပဲ ပြောဖြစ်တယ် (ရယ်လျက်)။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း သူအနုပညာလမ်း ကြောင်းထဲ ရောက်ရှိလာတဲ့ချိန်မှာ သူက အိမ်မှာတူတူမနေတော့ဘူး။ သူ့ဘာသာသူ အိမ်ငှားနေတာဆို တော့မတွေ့ဖြစ်ကြဘူး။ သူကတော်ပါတယ်။ ငယ်ငယ်လေး ကတည်းကလည်း သွက်သွက်လက်လက်နဲ့ အမြဲတမ်း ရှေ့ကပဲ။ သူက အငယ်ဆုံး ဆိုပေမယ့် အားလုံးထဲမှာ ကိစ္စတစ်ခု ခုဖြစ်ရင် သူကအစ်မအကြီးအတိုင်း ပဲ။ အလွန်သွက်လက်ပြီးတော့ အမြဲ တမ်းတက်ြ<ွကနေတယ်”လို့ ပြောပါ တယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071