Friday, September 11, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခမည်းတော်ဘုရင် Norodom...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ...

ညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျလာ

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များအနေဖြင့် ညပိုင်းတွင် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားရယူကာ စက်လည်ပတ်နိုင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျလာပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်အထိ ကုန်ကျစရိတ်သက်သာနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ည ၁၁ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် မူလနှုန်းထား ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့ လျှော့ချ၍ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆန်စက်များကို ညပိုင်းလည်ပတ်ရာတွင် လျှပ်စစ်ဓာတ်အား (Voltage) ပိုမိုတည်ငြိမ်ခြင်းနှင့် ပတ်ဝန်းကျင်အပူချိန် လျော့နည်းခြင်းတို့ကြောင့် စက်ပစ္စည်းများ အပူလွန်ကဲပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များ လျှော့ချနိုင်သည့်အပြင် လုပ်သားများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နေ့ဘက်တွင် Solar Energy အသုံးပြု၍ စက်လည်ပတ်ပြီး ညဘက်တွင် မဟာဓာတ်အားလိုင်းမှ သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုနိုင်ပါက ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ ပိုမိုလျော့ကျနိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးများအပြင် မွန်ပြည်နယ်တို့၌ Solar System တပ်ဆင်ရန် အဆိုပြုထားသည့် ဆန်စက် ၅၃ စက်ရှိပြီး စက်တပ်ဆင်အင်အား စုစုပေါင်း ၅၁ ဒသမ ၁၂ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ ယင်းတို့အနက် ဆန်စက် ၃၂ စက်တွင် Solar System တပ်ဆင်ပြီးစီးကာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်အသုံးပြုနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆန်စက်ပေါင်း ၁၅,၀၀၀ ကျော်ရှိသော်လည်း ညပိုင်းတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိ၍ လည်ပတ်နိုင်သည့် ဆန်စက်အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိနေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဓာတ်အားရရှိရေး အခက်အခဲများ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဆန်စပါးအဓိကထုတ်လုပ်သည့် ဧရာဝတီ၊ ပဲခူးနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် အချိန်အလိုက် ဓာတ်အားခကောက်ခံသည့် Time-of-Use (ToU) Electricity Tariff System ကို တိုးချဲ့အကောင်အထည်ဖော်ပေးရန် ဆန်စက်လုပ်ငန်းရှင်များက တောင်းဆိုထားသည်။

ယင်းစနစ်ကို တိုးချဲ့နိုင်ပါက စပါးအခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ အရောင်တင်ခြင်းနှင့် အရည်အသွေးအလိုက် ရွေးချယ်ခွဲခြားခြင်းစသည့် ဆန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမိုအဆက်မပြတ် လည်ပတ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး တည်ငြိမ်မှုတို့ တိုးတက်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် ဆန်ထုတ်လုပ်မှုပမာဏ တိုးမြှင့်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု လျာထားချက်ဖြစ်သည့် တန်ချိန် ၃ သန်း ပြည့်မီရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) ၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများ၊ လွှတ်တော်များနှင့် ပြည်သူများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခမည်းတော်ဘုရင် Norodom Sihanouk အထိမ်းအမှတ်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချခဲ့သည်။ ထိုသို့ရောက်ရှိစဉ် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ နန်းတွင်းရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင် (Independence Monument) သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချခဲ့သည်။ နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး H.E. Mr. Tea Seiha က ကြိုဆိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက လွတ်လပ်ရေးကျောက်တိုင်၌ ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေချ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071