Thursday, April 30, 2026

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်...

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆)...

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍...

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း...
HomeNewsLocal Newsဈေးနှုန်းတည်ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယနေ့အနည်းငယ်...

ဈေးနှုန်းတည်ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယနေ့အနည်းငယ် ပြန်လည်ကျဆင်းလာ

ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်လီလာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယနေ့ ဇန်နဝါရီ (၅) ရက်တွင် တစ်လီတာ ၂၀၀၀ ကျပ်အောက်သို့ ကျဆင်းလာကြောင်းသိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ယနေ့ ဇန်နဝါရီ (၅) ရက်အတွက် ရည်ညွှန်းဈေးနှုန်းများအရ တစ်လီတာလျင် ၁၀၀ ကျပ်ဝန်းကျင် ကျဆင်းလာသည်ကို တွေ့ရသည်။

ယနေ့ ဇန်နဝါရီ (၅) ရက်မှစတင်ကာ တစ်ပတ်အတွင်း ရောင်းချရန် သတ်မှတ်ပေးထားသည့် ရန်ကုန်အထိုင် စက်သုံးဆီလက်လီရည်ညွှန်းဈေးများမှာ 92 Ron တစ် လီတာလျင် ၁၉၇၅ ကျပ်ဖြစ်ပြီး 95 Ron တစ်လီတာ ၂၀၄၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ကားရည်ညွှန်းဈေးနှုန်းများ အနေဖြင့် 92 Ron တစ်လီတာလျင် ၁၈၇၇ ကျပ် ဖြစ်ပြီး 95 တစ်လီတာကို ၁၉၄၇ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်း သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ယမန်နေ့က ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၂၀၆၀ ကျပ် ဖြစ်ပြီး  95 တစ်လီတာလျင် ၂၁၂၀ကျပ်ဖြစ်‌ကြောင်းသိရသည်။

” ကျတယ်ဆိုတာကလည်း ၁၀၀ နီးနီးလောက်ပဲ ကျတာဆိုတော့ သိပ်တော့ မသိသာဘူးပေါ့။ ဒါပေမဲ့ အများသမားတွေအတွက်ကတော့ သိသာတာပေါ့ ။ ၁၀၀ ဆိုလည်း မနည်းဘူး” ဟု ရန်ကုန်မြို့မှ အဝေးပြေးယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်းအတွင်း ယနေ့မှ စတင်ကာ တစ်ပတ်အတွင်းရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်း ဈေးနှုန်းများမှာ 92 တစ်လီတာလျင် လက်လီအနေ ဖြင့် ၂၀၂၀ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ တစ်လီတာလျင် ၁၉၄၈ ကျပ် ဖြစ်ပြီး 95 တစ်လီတာလျင် လက်လီဈေးနှုန်း ၂၀၉၅ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ ၂၀၂၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၂၃၀၅ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ပေးထားပြီး မန္တလေးတိုင်းတွင် တစ်လီတာ ၂၃၅၅ ကျပ်ဖြင့် ရောင်းချရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရည်ညွှန်း သတ်မှတ်ပေးထားသည်။

ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန်အတွက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက လိုအပ်သည့် စစ်ဆေးတွက်ချက်မှုများလုပ်ဆောင်ကာ အခြေခံရည်ညွှန်း ဈေးနှုန်းများကို အပတ်စဉ် ရည်ညွှန်း သတ်မှတ်ပေးလျက်ရှိခြင်း ဖြစ်သည်။

ထို့အပြင် စက်သုံးဆီ ဈေးနှုန်းများကို မရိုးဖြောင့်သော နည်းလမ်းများဖြင့် ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကော်မတီက ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက်

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းတို့သည် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဥ်းသားများမပါဝင်ဘဲ လွတ်ရက်စေ့သူများ အများဆုံးပါဝင်ကြောင်း...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆) ဦးအား ပြစ်ဒ-ဏ်မှ လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။      အဆိုပါထုတ်ပြန်ကြေညာချက်အရ ပုသိမ်အကျဥ်းထောင်မှ ကျား (၂၅) ဦး၊မ (၅) ဦးအပါအဝင် အကျဥ်းသား/သူ ( ၃၀ ဦး) ၊ မြောင်းမြအကျဥ်းထောင်မှ ကျား (၂၂) ဦး မ (၃) အပါအဝင် အကျဥ်းသား/သူ (၂၅) ဦး၊ မအူပင်အကျဥ်းထောင်မှ...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်မှု စံချိန်သစ်တင်

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ခေတ်မီနည်းပညာများအသုံးပြု၍ မအူပင် (တောင်) တွင်းအမှတ် (၁၄) ရှိ ပါးလွှာသဲကြောများအား သေချာစွာသုတေသနပြုဆန်းစစ်ပြီးဖောက်ယူထုတ်လုပ်ခဲ့ရာ ဧပြီ ၂၈ ရက်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၂) သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။​တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071