Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ...
HomeNewsLocal Newsဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သည့် အသက်...

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သည့် အသက် ၂ဝကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သည့် အသက် ၂ဝကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

ကရင်ပြည်နယ် ၊ ဘားအံမြို့၏သမိုင်းဝင် အထင်ကရတောင်တစ်တောင်ဖြစ်သော ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးမှာ ယနေ့အချိန်အထိ တောင်ခြေသို့ပြန်လည်ဆင်းသက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးငယ်မှာ ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းအချိန်ဝန်းကျင်တွင် ဇွဲကပင်တောင်၏ အနောက်ဘက်တောင်တက်လမ်း တစ်ခုဖြစ်သည့် လုမ္ပဏ္ဏီဥယျာဉ်ဘက်အခြမ်းမှ တက်ရောက်ခဲ့ပြီး ယင်းနေ့ ညမိုးချုပ်ချိန်အထိ ပြန်လည်ဆင်းသက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်ဖြစ်သည်။

ထိုကြောင့် ယနေ့ မတ်လ၃၁ ရက် နံနက်ပိုင်းတွင် ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယနေ့ ရှာဖွေမှုတွင် သဲလွန်စ တစ်စုံတရာရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို တစ်နေ့တာ ရပ်ဆိုင်းခဲ့ရပြီး ၊ နောက်ရက်များတွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

“ ဒီနေ့အတွက်တော့ ရှာဖွေရေး သိမ်းလိုက်ပြီ၊ မနက်ဖြန်ပြန်ဆက်ရှာကြမယ်။ ဒီလို သဲလွန်စမရဘဲ ရှာဖွေရတာ ခက်တယ်။ အရင်ဖြစ်စဉ်တွေမှာက ဆိုင်ကယ်သော့ကျန်ခဲ့တာတို့ ၊ ဘာတို့ ရှိတော့ သဲလွန်စရတော့ ရှာရတာလွယ်တယ်။ အခုက ဘာသဲလွန်စမှ မရဘူး။ “ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသူမှာ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးငယ်မှာ ဘားအံမြို့ တစ်ဖက်ကမ်း ဘားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာနေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇွဲကပင်တောင်တွင် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘားအံတက္ကသိုလ်၌ ဂုဏ်ထူးတန်း ပထမနှစ်တက်ရာက်နေသော ကျောင်းသူတစ်ဦးဖြစ်သူ မဇာခြည်မြင့်မြတ် ပြုတ်ကျသေဆုံးခဲ့သည့် အပြင် ယင်းနှစ် ဇူလိုင်လအတွင်းတွင် ဘားအံတက္ကသိုလ် ဘူမိဗေဒတတိယနှစ် ကျောင်းသားဖြစ်သူ မောင်ခွန်မင်းမော်ကွန်း ခုန်ချသေဆုံးမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် နိုင်ငံခြားသားတစ်ဦးလည်း အဆိုပါတောင်ပေါ်မှ ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။၏

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071