Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeCelebrities' Newsဇာတ်ခုံပေါ်မှာ ကနေရရင်ကို ...

ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေ ပျောက်သွားတယ် ဝိုင်းချစ်

အနုပညာလောကမှာ လူရွှင်တော်တစ်ယောက် အနေနဲ့ကော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေ အသိအမှတ်ပြုခံ ထားရသူတစ်ဦးကတော့ ဝိုင်းချစ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ သက်တမ်းက နှစ်ပေါင်း ၃ဝ ကျော်လာခဲ့ပြီဖြစ်ပြီး သူ့မှာ အနုပညာမျိုးရိုးရယ်လည်း မရှိခဲ့ဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားလာခဲ့ရတာပဲဖြစ်ပါတယ်။

“မိဘစကား နားမထောင်လို့ ဇာတ်ထဲ လိုက်တာလေ။ မိဘကပညာ သင်စေချင်တာ။ဇာတ်ထဲကိုလိုက်ချင်တာ ဘယ်လောက်အထိ ရူးသွပ်လဲဆိုရင် (၈)တန်းကို(၃)ခါကျတယ်။ ဇာတ်ထဲလိုက်ကာစက ဘယ်လောက်အထိ ပျော် နေလဲဆိုရင် အိမ်ကို၁လ၂လလောက် မေ့နေ တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်လုပ်ရပြီလေ။ ကျွန်တော့်မိဘတွေက ဈေးသည်တွေပါ။ ကျွန် တော်တစ်ယောက်တည်းကို ဝါသနာထူးထူးခြားခြား ပါလာတာ။ ကျွန်တော်က ဟင်္သာတသားပါ။ ကျွန်တော် ရွာမှာနေတုန်းကတော့ ဆိုင်းပဲကြည့်ကြည့် ဇာတ်ပဲကြည့် ကြည့် ကျွန်တော်က ကန့်လန့်ကာချမှပြန်တယ်။ နေ့ခင်း ဘက် ကျောင်းတက် ညပိုင်းပွဲတွေကြည့် အဲဒီလို ဝါသနာ ကြီးခဲ့တယ်။ လူရွှင်တော်ကြီးတွေကတာကြည့်ရင်းနဲ့ သူတို့လို ဖြစ်ချင်ခဲ့တယ်။ ကျွန်တော်ဇာတ်ထဲရောက်တဲ့အခါမှာတော့ ကိုယ်အရင်က ကြည့်ခဲ့ရတဲ့ လူရွှင်တော်ကြီးတွေနဲ့ အတူတူ တွဲပြီးကခဲ့ရတယ်”လို့ သူ့ဘဝဖြတ်သန်း မှုကို လူရွှင်တော် ဝိုင်းချစ်က ပြောပြပါတယ်။

သူ့ရဲ့ လက်ဦး ဆရာကတော့ ဝါရင့်လူရွှင်တော်ကြီး ဦးတိမ်ညွန့်ဖြစ်ပြီး ပြဇာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သွန်သင်ဆုံးမပေးခဲ့တဲ့ ဆရာကတော့ ဒါရိုက်တာ မောင်စိတ္တ (နတ်တလင်း) ပဲ ဖြစ်တယ်လို့သိရပါတယ်။ ဇာတ်သဘင် လောကထဲကို ရောက်ရှိတဲ့ အချိန်မှာလည်း အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ဇာတ်လည်းမီး လောင်ဖူး၊ ထမင်းလည်းငတ်ဖူးသလို ကားလည်းမှောက် ဖူးကြောင်း၊ ဒီလိုဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရတယ်လို့သူကဆို ပါတယ်။ “တစ်ခါတလေကျတော့လည်း အခက်အခဲပေါင်း များစွာကြောင့်ဘဝက မွန်းကြပ်ခဲ့ရတာပေါ့။ တစ်ခါတစ် လေကျတော့လည်း ပျော်နေတာပဲ။ ဘယ်လောက်ပဲမွန်း ကြပ်မွန်းကြပ် စင်ပေါ်ရောက်သွားလို့ ပရိသတ်နဲ့ တွေ့ရင် အားလုံးပျောက်သွားတယ်။ ဇာတ်ခုံပေါ်မှာ ကနေရရင်ကို စိတ်ညစ်စရာတွေကပျောက်သွားတယ်” လို့ သူ့ရဲ့ဘဝ ဖြတ်သန်းမှုကို ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071