Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeNewsLocal Newsဇန်နဝါရီ တတိယ (၁၀)ရက်ပတ်အတွင်း...

ဇန်နဝါရီ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီနှင့် ရခိုင်တို့တွင်သာ အအေးပိုနိုင်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်သာ အအေးပိုနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန် အထက်နှင့် ပျမ်းမျှအပူချိန်ခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇန်နဝါရီ (၂၁)ရက် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ညအပူချိန်များတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီ စင်တီဂရိတ် လျော့နည်းနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုး/ဇလမှ အသိ ပေး ထုတ်ပြန်သည်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက်လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၂) ရက်မှ (၃) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁) ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071