Friday, April 17, 2026

ကယားပြည်နယ်၏ သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာသ နပ်ခါးလှယဉ်ကျေးမယ်ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက "မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်"ပြိုင်ပွဲကိုကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ...

AI အသုံးပြုပြီး Google Discover...

အခုဆိုရင် Google ရဲ့ Discovery feed ကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ notification...

သင်္ကြန်အတတ်နေ့အား ပျော်ရွှင်စွာဖြတ်သန်းနေသည့် ကော့ကရိတ်မြို့

နိုင်ငံရေးအခြေအနေများကြောင့် သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃)နှစ်ရှိပြီဖြစ်သော ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်အားပြန်လည်ကျင်းပနိုင်ခဲ့ရာ ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင်...

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...
HomeMoviesဇန်နဝါရီလထဲမှာ မြန်မာ နဲ့...

ဇန်နဝါရီလထဲမှာ မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် TT & Donut

ttd

ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ထိုင်းလူမျိုးဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးတင်ဆက်ပေး ထားပြီး အဓိကသရုပ်ဆောင်တွေ အဖြစ် ပြေတီဦး၊ ထိုင်းမင်းသမီး Chattarika Sittipromာ ၊ ရွှေသမီး တို့နဲ့အတူ ထိုင်းသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ TT & Donut ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယအကြိမ်မြောက် World Gala Premiere Show Red Carpet Screening ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ရာမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့သလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း လည်း တက်ရောက်ခဲ့ပြီး ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ အခမ်းအနားကိုတော့ ထိုင်းနိုင်ငံက သရုပ်ဆောင်များစွာနဲ့ အတူ ထိုင်းနိုင်ငံက နာမည်ကျော် မီဒီယာများလည်း တက်ရောက် သတင်းယူတာကို တွေ့ခဲ့ရပါတယ်။

ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကတော့ ” ဒီဇာတ်ကားဟာ ပြည်တွင်းမှာ ရိုက်ကူးထုတ်လုပ်မှုထက် အဆပေါင်းများစွာ ကုန်ကျစရိတ်မြင့်မားနိုင်တယ်ဆိုတာ သိသာပါတယ်။ ရိုက်ကူးတဲ့ ထုတ်လုပ်သူဆီမှာလည်း ရည်ရွယ်ချက်နှစ်ခုရှိပါလိမ့်မယ်။ နံပါတ်တစ်ကတော့ မြန်မာ့ရုပ် ရှင်တွေကို အရည်အသွေးမြင့်မြင့် ရိုက်ကူးပြီးတော့ ပရိသတ်တွေဆီကို တင်ဆက်ချင်တဲ့ စေတနာဖြစ်ပါ တယ်။ ဒုတိယ မျှော်လင့်ချက်တစ်ခုက တော့ မြန်မာ့ ရုပ်ရှင်ဈေးကွက်ဟာ နိုင်ငံတကာလို့ဆိုနေပေမယ့် မြန်မာ နိုင်ငံကထွက်သွားရင် အနီးဆုံး ထိုင်းနိုင်ငံမှာတောင် ကျွန်တော်တို့ လူမျိုးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုပ်ရှင်တွေ မပြနိုင်သေးပါဘူး။ အဲဒီလို ဈေးကွက်ကို ထိုးဖောက်ဖို့ ရည်ရွယ်တယ်လို့ ကျွန်တော်မှန်းဆမိပါတယ်” လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီ ပြေတီဦးကလည်း …

” TT & Donut ဇာတ်ကားလေးက နောက်ထပ် ပြည်ပနိုင်ငံတွေ နဲ့ ပူးပေါင်းရိုက်ကူးဖြစ်စေဖို့ တွန်းအားဖြစ်စေတာပေါ့။ ပြောရရင် ဒီဇာတ်ကားကနေ တစ်ဆင့် ဒီလို ပူးပေါင်းပြီးရိုက်ကူးတဲ့ ဇာတ်ကားတွေက နောက်ထပ်ဖြစ်လာတာပေါ့။ နောက်ပိုင်းမှာ အခုထက်လည်း ပူးပေါင်းရိုက်ကူးမှုတွေများလာမှာ ဖြစ် ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ထိုင်းလူမျိုးဒါရိုက်တာ ဗျိကြေညှအေအေါသလငအ ကတော့ အက်ရှင်၊ ဟာသ၊ ရိုမန့်၊ ဒရာမာ တို့နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Adsajun Sattagovit ရုပ်ရှင် ရုံတင်တဲ့အခါ လာရောက် ကြည့်ရှုအားပေးစေလိုပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ပြောပါတယ်။ ထုတ်လုပ်သူဖြစ်တဲ့ ကိုသက် (ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေး) ကတော့ ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ဇန်နဝါရီလဆန်းပိုင်းမှာ ရုံတင်ပြသမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အခြား ပြည်ပနိုင်ငံတွေမှာလည်း ရုံတင်ပြသဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေ တယ်လို့လည်း သိရပါတယ်။

ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071