Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsဇနီးဖြစ်သူရဲ့ ဂရုစိုက်မှုတွေနဲ့ ကျန်းမာအောင်...

ဇနီးဖြစ်သူရဲ့ ဂရုစိုက်မှုတွေနဲ့ ကျန်းမာအောင် နေထိုင်နေတဲ့ မြန်မာပြည်သိန်းတန်

Myanmar Idol Season 3 ပြိုင်ပွဲမှာဒိုင်အဖြစ်ဆက်လက် ဆောင်ရွက်သွားမယ့် မြန်မာပြည် သိန်းတန်က ပြိုင်ပွဲဝင်တွေအနေနဲ့ကျန်းမာရေးကောင်းအောင်ကြိုးစားထားစေချင်တယ်လို့ သူကအကြံပြုစကားဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျန်းမာရေးကောင်းအောင် နေထိုင်ပြီး သူ့ရဲ့ဇနီးဖြစ်တဲ့ဒေါက်တာနုနန္ဒာသန်းရဲ့ဂရုစိုက်မှုတွေနဲ့အတူ ကျန်းမာအောင်နေထိုင် လျက်ရှိပါတယ်။ ကျန်းမာရေးကိုသူဘယ်လိုဂရုစိုက်နေလဲဆိုတာကိုတော့ မြန်မာပြည်သိန်းတန်က…

“အရေးကြီးတာက လောကမှာလူဖြစ်လာတယ်ဆိုရင် တဖြည်းဖြည်းသိလာတယ်။ အရာရာဟာ အကြောင်းအကျိုးရှိတယ်။ အကျိုးဖြစ်တာဟာအကြောင်းကြောင့်ပါ။ အလကားမဖြစ်ဘူး။ အကြောင်း အကျိုးအကောင်းအဆိုးပေါ့။ ကောင်းတယ်၊ ဆိုးတယ်။ ပြီးတော့အမှား၊ အမှန်ဒါဟာ မှားတယ်၊ မသင့်တော်ဘူး။ မလုပ်ရဘူး။ ဒါဟာမှန်တယ် သင့်တော်တယ်လုပ်သင့်တယ်။ တတ် နိုင်သလောက် အဲဒါကိုသိလာဖို့ လိုတယ်။ အသက်ကြီးပြီးတော့မှ အချိန်မစီးဘူးဆိုတာဟာ ဒီလို တွေးလို့လည်းရတယ်။ အကြောင်းအကျိုးအကောင်းအဆိုး၊ အမှားအမှန်ကို အခုထက်ထိ မသိကြတဲ့ သဘောမပေါက်ကြတဲ့ မိတ်ဆွေတွေလည်းရှိနေသေးတယ်။ တွေ့နေရသေးတယ်။အဲဒါကိုခေါင်းထဲမှာထားတယ်။ ထားတဲ့အခါကျတော့ ဆေးလိပ်ဆိုးကျိုးပဲပေးတယ်။အရက်ကောင်းကျိုးတစ်ခုမှမရှိဘူး။ ဆိုးကျိုးပဲပေးတယ်။ အဆိုတော်ဆိုတော့ ဆေးလိပ်က အဆုတ်ကိုထိခိုက်တယ်။ ဖြတ်တယ်။

အရက်က လျှာလေးအာလေးဖြစ် စေတယ်။ မကောင်းမှုဒုစရိုက်ကို လွယ်လွယ်ကူကူလုပ်ဖို့အတွက်ကို သူကအားပေး ချင်တယ်။ အမှားအမှန်ကို သူမဝေခွဲနိုင်ဘူး။ အဲဒါလေးတွေဝေခွဲပြီးတော့ သိလာ ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ်အနေအထိုင်ဆင်ခြင်ရတာပေါ့။ ကိုယ့်တေးချစ်သူ ကလည်း ဆရာဝန်ဖြစ်နေတဲ့အခါကျတော့ကျန်းမာရေးဗဟုသုတတွေ သူက ပေးတာပေါ့။ အန်ကယ်ကလည်းစတီရီယိုတေးဂီတပေါ်ကတည်းက အန်ကယ်တို့ လူငယ်တွေ အနေနဲ့ရှေ့ကနေစခဲ့တာလို့ လည်းပြောနိုင်တယ်လေ။ ပလေးဘွိုင်း တေးဂီတအဖွဲ့ပေါ့။ အဲဒီ့အချိန်ကနေပြီးတော့မှ ဂီတအနုပညာကို အရိုးထဲ အသွေးတည်းမှာ အန်ကယ်တို့က ဝါသနာပါတာ။ အဲဒီ့အခါကျတော့ ဂီတ အနုပညာကို မသေမချင်းဆက်လက်ပြီးတော့ လုပ်ချင်တဲ့ဆန္ဒကပြင်းပြတဲ့အခါကျတော့အနုပညာလုပ်ငန်းသီဆိုခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် မကောင်း မှုကိစ္စတွေ မှီဝဲတာတွေ စားသောက်တာတွေ အကုန်လုံးကိုဖြတ်ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေး ကိုဂရုစိုက်နေလိုက်တာပဲ”လို့ ပြောပါတယ်။

Myanmar Idol Season 3 ပြိုင်ပွဲဝင်တွေအနေနဲ့ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်း လေးတွေကိုရွေးချယ်လေ့ကျင့်ထားကြစေချင်ပြီး အသံကိုမှန်ကန်အောင်နဲ့ စကားလုံး ပီသအောင် ဆိုနိုင်အောင်ဂရုတစိုက်လုပ်ထားကြစေချင် ကြောင်း မြန်မာပြည် သိန်းတန်ကပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071