Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeNewsLocal Newsဆုငွေ ၅သိန်းရမည့် စကားပုံနှင့်...

ဆုငွေ ၅သိန်းရမည့် စကားပုံနှင့် ပတ်သက်သည့် Short Film, Podcast, Tiktok များ

ဇူလိုင်လ ၁ရက်နေ့မှစတင်၍ YTV Channel နှင့် Living Myanmar Media Group တို့မှ ပူးပေါင်း၍ “ဒို့ဘိုးဘွားအမွေ မြန်မာဆိုးရိုးစကားတွေ” (Snack Film Festival) ပြိုင်ပွဲအစီအစဉ် ပြုလုပ်လျက်ရှိသည်။

“ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ တချို့ဆိုရိုးစကားပုံတွေရဲ့ အဓိပ္ပာယ်မှန်ကို မသိကြတော့ ကွဲလွဲနေတာမျိုးတွေရှိတယ်။ စကားလုံးနဲ့ မြန်မာစကား အသုံးအနှုန်းတွေ လူငယ်တွေပြန်ပြီး မှန်မှန်ကန်ကန်သုံးတတ်အောင် ဒီအစီအစဉ်ကို ကျင်းပပြုလုပ်တာပါ” ဟု Living Myanmar Media Group မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာစကားပုံများ အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်ကာ ပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ပြီး ယခု ဇူလိုင်လတွင် ရွေးချယ်ပေးထားသော ခေါင်းစဉ််ဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အဆိုပါစကားပုံနှင့် ပတ်သက်၍ Short Film, Podcast, Tiktok များကို ဖန်တီးရိုက်ကူးရမည်ဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့်ကိုက်ညီသော သရုပ်ဖော် Video ကို ဆုကြေးငွေ ကျပ် (၅) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ပြိုင်ပွဲဝင်တစ်ဦးက သတ်မှတ်ထားတဲ့ ‘အချိန်နှင့်ဒီရေသည်လူကိုမစောင့်’ နဲ့ ‘အတုမြင်အတတ်သင်’ ဒီ (၂) ခုထဲက (၁)ခုပဲဖြစ်ဖြစ်၊ (၂)ခုလုံးကိုပဲဖြစ်ဖြစ် ကြိုက်သလိုပြိုင်လို့ရတယ်။ နောက်လတွေမှာဆိုရင်တော့ နောက်ခေါင်းစဉ်ပေါ့လေ။ အဓိက,ကတော့ သတ်မှတ်ပေးထားတဲ့ခေါင်းစဉ်နဲ့ပဲပြိုင်ရမှာပါ။ ခေါင်းစဉ် (၁)ခုစီအတွက် Short Film, Podcast, Tiktok တွေထဲက ကိုယ်နှစ်သက်ရာနဲ့ ပြိုင်လို့ရပါတယ်။ ခေါင်းစဉ်တစ်ခုစီအတွက် ဆုတစ်ခုသတ်မှတ်ထားလို့ ခေါင်းစဉ် (၂)ခုဆိုတော့ ဆု (၂)ဆု ရှိပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြိုင်ပွဲဝင်များလိုက်နာရန် စည်းကမ်းချက်များမှာ (က) ဆိုရှယ်မီဒီယာတွင် ဖော်ပြမည်ဖြစ်သဖြင့် Tiktok မှအပ အခြားသော ဗီဒီယိုအရှည်သည် ၃ မိနစ်ထက် မများစေရန်၊ (ခ) ပြိုင်ပွဲဝင်ဗီဒီယိုများတွင် ပါဝင်သည့် ရိုက်ကူးတင်ပြချက်များတွင် ဘာသာရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော အပြုအမူ၊ အပြောအဆိုများ၊ ဥပဒေနှင့်ငြိစွန်းနိုင်သည့် အချက်များ၊ ကလေး သူငယ်များ ကြည့်ရှုရန် မသင့်တော်သည့် အကြောင်းအရာများ မပါဝင်ရန်၊ (ဂ) ပါဝင်ယှဉ်ပြိုင်သူများသည် ယှဉ်ပြိုင်မည့်ဗီဒီယိုများကို ကိုယ်ပိုင် Tiktok နှင့် Facebook Account များတွင်တင်ပြီး ထိုဗီဒီယိုများ၏ Caption တွင် စကားပုံခေါင်းစဉ်နှင့် Living Myanmar Media Group ကို # tag တွဲ၍ တင်ပေးရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

အဆိုပါ ပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့အထိ နောက်ဆုံးသတ်မှတ်ထားပြီး ဆုရရှိသူများစာရင်းကို ဩဂုတ်လ ပထမပတ်တွင် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို Living Myanmar Media Group Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071