Friday, May 23, 2025

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...
HomeNewsLiterature Newsစွမ်းဆောင်ရည်မြင့်မား ဦးဆောင်မှုစွမ်းပကားနှင့် အမျိုးသမီးများအခန်းကဏ္ဍ

စွမ်းဆောင်ရည်မြင့်မား ဦးဆောင်မှုစွမ်းပကားနှင့် အမျိုးသမီးများအခန်းကဏ္ဍ

ဒီနေ့ ရာစုသစ်ကမ္ဘာကြီးမှာ နယ်ပယ်စုံကဏ္ဍစုံထဲမှာ ထူးချွန်ထက်မြက်ပြီး ဦးဆောင်မှု စွမ်းရည်ကောင်းတဲ့ အောင်မြင်ထင်ရှား အမျိုးသမီးများ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။ ဒီလိုပဲ ၂ဝ၁ဝ ပြည့်နှစ်က စတင်ပြီးတော့ မြန်မာ့နိုင်ငံရေးလောက အပြောင်းအလဲနဲ့အတူ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသားယောက်ျားများနဲ့ ရင်ပေါင်တန်းကာ ထူးချွန် ထက်မြက်ပြီး ဦးဆောင်မှုစွမ်းရည်ကောင်းပေးနိုင်တဲ့ အမျိုးသမီးများ နယ်ပယ်စုံကဏ္ဍစုံမှာ ပေါ်ထွန်းလာခဲ့ကြပါတယ်။ ဒါကြောင့် နယ်ပယ်စုံကဏ္ဍစုံမှာ အမျိုးသမီးများကနေ ပြီးတော့ အမျိုးသမီးများနဲ့တန်းတူ ရင်ပေါင်တန်းကာ စွမ်းဆောင်ရည်ကောင်း ပေးစွမ်းဦးဆောင်ဦးရွက်ပြုနေကြတာရော၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းအပါအဝင်မိသားစုကဏ္ဍနဲ့ လူမှုရေးကဏ္ဍတို့မှာပါ အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍများပြားလာတဲ့အပေါ် အနုပညာရှင်အမျိုးသမီးများရဲ့ ရှုမြင်ချက်စကားသံများ စုစည်းဖော်ပြလိုက်ပါတယ်။

ဆုပန်ထွာ

အခုခေတ်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ ရင်ပေါင် တန်းပြီး အလုပ်လုပ်နိုင်တာတွေ့ရတယ်။ မပန်လည်း ဒါကကောင်းတဲ့ဘက်ကို သွားတယ်လို့ပဲ အစ်မထင်တယ်။ လူဆိုတဲ့သဘောက အလုပ်လုပ်မှတန်ဖိုးရှိ တာပါ။ တချို့အမျိုးသမီးတွေဆို အိမ်ထောင်ကျသွားတဲ့အခါ အပြင်အလုပ်မ လုပ်တော့ဘဲ အိမ်ထောင်မှုလုပ်ငန်းတွေကိုပဲ ထိန်းသိမ်းကြတယ်။ တကယ်ဆို လည်း အိမ်ထောင်ထိန်းသိမ်းတဲ့အလုပ်ဆိုတာက လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မပန်ကတော့ မိခင်တစ်ဦးဖြစ်သွားပေမယ့် အိမ်ထောင် ကျသွားပေမယ့် အခုအချိန်မှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် နေတုန်းပါပဲ။ ယောက်ျားယူပြီး ကလေးမွေးပြီးပြီဆိုပေမယ့်လည်း အလုပ်လုပ် ရမှာပဲလေ။ အခုအချိန်မှာ အစ်မအနေနဲ့အေးအေးဆေးဆေးနေလို့ရပေမယ့် လည်း ဇာတ်ကားတွေရိုက်တယ်။ တခြားအလုပ်တွေလုပ်လို့ရပေမယ့် မပန် ကိုက အနုပညာအလုပ်ကို ဝါသနာပါတဲ့အတွက် ဒီအလုပ်ကိုပဲဆက်လုပ် ကိုင်နေတယ်။ ပရိသတ်တွေလည်း အစ်မကိုဆက်ပြီးအားပေးကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း မပန်ဆက်ပြီးကြိုးစားနေပါတယ်။

ချမ်းချမ်း

မိန်းကလေးဖြစ်လို့ ယောက်ျားလေးတွေလောက်မတော်ရဘူးလားဆို တော့လည်း မဟုတ်ပါဘူး။ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတွေအများကြီး ရှိပါတယ်။ ကမ္ဘာမှာရော၊ မြန်မာမှာရောပေါ့။ အဓိကကတော့ ကိုယ်ဘာ လုပ်မလဲဆိုတဲ့ Plan တွေချရမှာပေါ့။ အစ်မဆိုရင်လည်း အဓိကကတော့ သင်ခန်းစာပေါ့။ ဘဝမှာသင်ခန်းစာယူသင့်တာတွေ၊ ရှောင်သင့်တာတွေ၊ ဆောင်သင့်တာတွေကို ပြန်ပြီးတော့လေ့လာပြီးတော့မှ သတိထားပြီးတော့ နေတဲ့အခါကျတော့ အစ်မမှာ စိတ်ညစ်ဖို့အချိန်မရှိတော့ဘူး။ စိတ် ဓာတ် ကျဖို့အချိန်မရှိတော့ဘူး။ အဓိကကတော့ အစ်မသမီးလေးအတွက် အစ်မရုန်း ကန်မယ်ဆိုတဲ့စိတ်ရယ်၊ အစ်မပရိသတ်တွေအတွက် အကောင်းဆုံး ဘာတွေ ချပြမလဲဆိုတဲ့စိတ်ရယ် Plan တွေဆွဲတယ်။ အဲဒါတွေကို Target ထားလိုက် တဲ့အခါကျတော့ အရာအားလုံးဟာ အားတယ်ဆိုတာမရှိတော့ဘူးပေါ့။ စိတ်ဓာတ်ကျဖို့ အချိန်မပေးတော့တဲ့ သဘောပေါ့နော်။

နီနီခင်ဇော်

နီနီက မိန်းကလေးဖြစ်တဲ့အတွက် မိန်းကလေးပရိသတ်တွေကို ပြောချင် တာက ကိုယ်လုပ်မယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်ရမယ်။ အဓိကက ကိုယ် လုပ်ရမယ့်အလုပ်ကဘာလဲ၊ ကိုယ်တာဝန်ယူရတဲ့အလုပ်ကဘာလဲ ဆိုတာကိုသိပြီး တစိုက်မတ်မတ်နဲ့ လုပ်ကိုင်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင် ဆီရောက်ရှိမှာပါပဲ။ ထက်မြက်တဲ့မိန်းက လေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပဲ။ မိမိကိုယ်သာ မိမိအားကိုးရမှာပါ။ နီနီဆိုရင် အခုတွေးမိတာ တစ်နှစ်ထက်တစ် နှစ်က ပိုပိုပြီးမြန်ဆန်လာတယ်လို့ထင်ရတယ်။ ကြိုးစားတာက အားရတဲ့ နှစ်လည်းရှိတယ်။ အားမရတဲ့နှစ်လည်းရှိတယ်။ နီနီဆိုရင်လည်း အခုနောက်ပိုင်း အသက်ကြီးလာပြီဖြစ်တဲ့အတွက် အချိန်ကိုအကျိုးရှိရှိအသုံးချဖို့အတွက် နီနီကြိုးစားနေတယ်။ ချစ်တဲ့ပရိသတ်တွေလည်း အသုံးချနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်

အိုင်းရင်းဇင်မာမြင့်

မိန်းကလေးပရိသတ်တွေကို အိုင်းရင်းပြောချင်တဲ့ စကားလက်ဆောင်က လဲကျတဲ့အခါ ပြန်ထနိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်။ အိုင်းရင်းဆိုရင် လည်း ပြီးခဲ့တဲ့ ၂ဝ၁၇ မှာ အိုင်းရင်းမှာရှိတဲ့ ပစ္စည်းတစ်ခုက သူများကိုပေးလိုက်ရတာမျိုးရှိတယ်။ ပြီးသွားတဲ့အခါမှာ ကိုယ့်ဘဝကို ကိုယ်အဆိုးတွေနဲ့ မဖြတ်သန်းတော့ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမွန်ဆုံးပြန်ပြီးရပ် တည်နိုင်ဖို့ အတွက် ဆုတောင်းခြင်းတွေနဲ့၊ ဖေးမမှုတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာတွေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

ခြူး (ခြူးလေး)

အခုခေတ်မှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင် တန်းလာနိုင်တာကိုတွေ့ရတော့ ညီမလည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အတွက် ဝမ်းသာပါတယ်။ တအားလည်းပျော်တယ်။ ဟိုးအရင်တုန်းကဆိုရင် မိန်းကလေး ဆိုတဲ့ဘဝနဲ့ မွေးလာရင်ကို အလိုလိုနေရင်း မိသားစုမှာမလိုလား တဲ့အချိန်တွေရှိခဲ့ဘူးတယ်။ သားဦး မိန်းကလေးဆိုရင် မိသားစုရဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်တယ်ဆိုတာမျိုးတွေရှိတယ်။ မိန်းမအဖြစ်မွေးဖွားလာရင် မီးဖို ချောင်ထဲမှာနေပြီး အိမ်မှုကိစ္စတွေပဲ လုပ်ရမယ်ဆိုတာမျိုးတွေ ဒီခေတ်ကြီးထဲ မှာမရှိတော့ဘူး။ လုံးဝပြောင်းလဲသွားပြီ။ လူ့အခွင့် အရေးတစ်ရပ်အနေနဲ့ ဆိုရင်လည်း လူသားချင်းတန်းတူ အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ မိန်းမမှ၊ ယောက်ျားမှရယ်မဟုတ်ဘူး။ ပျင်းတတ်တဲ့လူက ပျင်းကိုပျင်းတယ်။ အလုပ် မလုပ်ချင်တဲ့လူကတော့ အလုပ်ကိုမလုပ်ချင်ဘူး။ တကယ်ထက်ထက်မြက် မြက်နဲ့ အလုပ်လုပ်နေတဲ့လူတွေလည်း အများကြီးပါ။ မိန်းမရယ်… ယောင်္ကျား ရယ်မဟုတ်ပါဘူး။ ကိုယ့်ဗီဇနဲ့ကိုယ်ပါပဲ။ အခုခေတ်မှာတော့ အမျိုးသမီးတွေကို အလေးထားပြီး အမျိုးသမီးတွေဖြစ်ချင်တဲ့အခွင့်အရေးတွေကို ဖြစ်ခွင့်ပေးတဲ့ ဒီခေတ်ကိုလည်း ကျေးဇူးတင်ရမှာပါ။

ဆုမြတ်နိုးဦး

အဲဒါကတော့ အားပေးပါတယ်။စီးပွားရေးလုပ်တာက ယောက်ျားလေးမှ မိန်းကလေးမှ မဟုတ်ပါဘူး။အရင်ခေတ်ကတော့ မိန်းကလေးက အိမ်ထဲမှာပဲ နေရမယ်ဆိုတာမျိုးတွေရှိမယ်။ အခုခေတ်က အဲဒီလိုမျိုးတွေ မဟုတ်တော့ဘူး လေ။ မိန်းကလေးတွေကလည်း အလုပ်လုပ်လာပြီ။ ပြီးတော့ ခေတ်တွေကလည်း ပြောင်းလဲလာပြီ အရင်ခေတ်တွေနဲ့ မတူတော့ဘူ။ မိန်းကလေးတွေလည်း ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်စွမ်းတွေရှိလာပြီလေ။ဒါကလည်း ယောက်ျားလေးနဲ့မိန်းကလေးရင်ပေါင်တန်းပြီး စီးပွားရှာဖို့ထက် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ နောက်ပြီးတော့ မိန်းကလေးတစ်ယောက်အတွက် စိတ်လုံခြုံမှုပေးနိုင်အောင် လုပ်တာဖြစ်တဲ့အတွက် မြတ်နိုးကတော့ အားပေးပါတယ်။ လိုအပ်တဲ့ လေ့လာ မှုတွေကိုလည်း အစဉ်မပြတ် လေ့လာပေါ့နော်။အမျိုးသမီးတွေနဲ့ အနေနဲ့ အခုလို စီးပွားရေးတွေလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်လာခြင်းကယောကျာ်းရဲ့ လုပ်စာကိုထိုင်စားရတာထက်စာရင် ကိုယ်ရှာဖွေထားတာကိုကိုယ့်ပိုက်ဆံကို ကိုယ့် ဟာကိုယ် လိပ်ပြာသန့်သန့်နဲ့ ကိုယ့်လုပ်အားခကိုသုံးရတာကို ပိုပြီးတော့ ကျေနပ်တယ်။ စီးပွားရေးကြီးကြီးမှမဟုတ်ပါဘူး။ အခုဆိုရင် အိမ်မှာနေရင်းနဲ့ ဒါမှမဟုတ် ကျောင်းတက်ရင်းတစ်ဖက်နဲ့ ကိုယ်ပိုင်စီးပွားရေးလေးတွေ လုပ်နေ ကြတာ။ တချို့ဆို အွန်လိုင်းရှော့ပင်လေးတွေ လုပ်နေကြတယ်။ ဒါကလည်း ကောင်းတဲ့ လုပ်ငန်းတစ်ခုပါ။ ကိုယ်နိုင်သလောက်လေးကို ဘယ်အလုပ်မဆို လုပ်ကိုင်လာကြတဲ့ မိန်းကလေးများ အမျိုးသမီးများကို ဂုဏ်ယူပါတယ်။လေးစားပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071