
” အဓိကကတော့ စွန့်ပစ်ခံရတဲ့ ကလေးအများစု မဖြစ်ဖို့ရာအတွက် လူတိုင်းက ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ ကိုယ့်တာဝန်ကိုယူချင်တဲ့ စိတ်ရှိရမယ်။ ကိုယ်ကိုယ် တိုင်က ဒီကလေးကို မမွေးနိုင်ဘူးဆိုရင် ကလေးမရအောင် နေ။ ပြီးတော့ သားဆက်ခြားပညာပေး တွေ ရှိစေ ချင်တာ ပေါ့နော်။ အရွယ်မတိုင်ခင် အိမ်ထောင် မပြုခင်မှာ ကိုယ်တွေဘဝကို လွယ်လွယ် နဲ့ မပေးမိ ဖို့ ပြောချင်ပါတယ်” လို့ စွန့်ပစ်ခံ ကလေးငယ်တွေ ပိုမိုများပြားလာ ရခြင်းနဲ့သူ့ရဲ့အမြင်ကို ပြောပြတဲ့သူ ကတော့ ခိုင်နှင်းဝေ ဖြစ်ပါတယ်။
စွန့်ပစ်ခံကလေးတွေရဲ့ဘဝက အင်မတန်ကြမ်း တမ်းလှပြီး အသိပညာ ဗဟုသုတလည်း အလွန်နည်းပါးကာ အခုလို စွန့်ပစ်ခံကလေးတွေရဲ့ ဘဝကို ကယ်တင်ပေး နိုင်မယ့် အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာ စေချင်ကြောင်း ခိုင်နှင်းဝေက ပြောပြပါတယ်။
” မိဘမဲ့ကလေးတွေကို သွားတွေ့ရတာ တော်တော်စိတ် မကောင်းဖြစ်ရပါတယ်။ သူတို့လေးတွေကို မြင်ရင် ရင်ထဲမှာ တော်တော်ကို ခံစားရပါတယ်။ ဒီလိုကလေးတွေရဲ့ ဘဝက တအားကို ကြမ်းတမ်းလွန်းတယ်။ ပညာဆိုလည်း ဘာမှမသင် ယူရဘူး။ သူတို့ရဲ့ဘဝ၊ အနာဂတ်တွေ မျှော်လင့်ချက်မဲ့ကုန်ကြတယ်။ တချို့ကလေးတွေရဲ့ ဘဝတွေဆို တော်တော်ကို ပျက်စီးတယ်။ စိတ်တွေကလည်း လေလွင့်ကြတယ်။ ဒီလိုကလေးတွေ မရှိလာအောင်တော့ ကလေးတွေကို မထိန်းသိမ်းနိုင်ရင် မိဘမဲ့ကျောင်းကို ပို့ပေးတာတို့၊ ပညာသင်ပေးနိုင်မယ့် အရပ်ဘက် အဖွဲ့အစည်း၊ ပရဟိတအဖွဲ့တို့နဲ့ ကျောင်းပြင်ပ ပညာရေးကျောင်းတို့ ကို ပို့စေချင်ပါတယ်။ ဒီလိုကလေး တွေကို ကယ်တင်နိုင်ဖို့ဆိုတာက အစ်မတို့လို အဖွဲ့အစည်းတွေ အများကြီးပေါ်ပေါက်လာစေချင်တယ်။ ပေါ်ပေါက်လာအောင်လည်း ကြိုးစားပေးကြပါ” လို့ ခိုင်နှင်းဝေက တိုက်တွန်းစကား ပြောပြခဲ့ပါတယ်။ ခိုင်နှင်းဝေက ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး အထူးသံတမန် တစ်ဦးလည်း ဖြစ်ပါတယ်။
ဇင်မာနွယ်
