Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeMusicစီးရီးခွေအထွက် အကြမ်းဆုံးလမှာ 99...

စီးရီးခွေအထွက် အကြမ်းဆုံးလမှာ 99 အခွေ ထွက်ရှိလာတဲ့ X.Box ဘာတွေ ထိခိုက်မှုရှိမလဲ

‘၉၉’ ဆိုတဲ့ ဒုတိယတစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြန့်ချိခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် X.Box ရဲ့ တေးအယ်လ်ဘမ်ကတော့ ဝိုင်းစု ခိုင်သိန်း၊ နီနီခင်ဇော်တို့လို နာမည်ကြီးအဆိုတော်တွေ၊ မိုးထက်၊ JCZ တို့လို လူငယ် ကြိုက်Rapper တွေရဲ့ ဖီးချားရင်း အား၊ X.Box ရဲ့ ကြိုးစားမှုအားတွေကြောင့်Quality ကောင်းကောင်းနဲ့ ပရိသတ်နှစ်ခြိုက်ဦးမယ့် ဟစ်ဟော့ပ်တေးအယ်လ်ဘမ် တစ်ချပ် ဖြစ်လာမှာအမှန်ပါ။ ဖေဖော်ဝါရီလက အပြိုင်အဆိုင်အခွေထွက်ကြမ်း တဲ့လဖြစ်နေတော့ X.Boxတို့အပေါ် ထိခိုက်မှုတွေ ရှိလာမလားလို့မေးတော့…

 “ထိခိုက်မှုမရှိပါဘူး။ ဘာဖြစ်လို့ ထိခိုက်မှုမရှိလဲဆိုတော့ ပရိသတ် အတွက် အလွန်ကောင်းပါတယ်။ ကျွန်တော်တို့က အခွေမထွက်ရင် လည်းမထွက်ဘူး။ အခွေထွက်ရင်လည်း တစ်လတည်းမှာ ဒီလိုစု ပြုံပြီး ထွက်တော့ ပရိသတ်အတွက်က နားထောင်စရာများတယ်။ ပရိသတ် အစစ်အမှန်က Original အခွေတွေဝယ်ပြီးနားထောင်စေချင်ကြ တယ်။ ဒါပေမဲ့ လခစားတွေအနေနဲ့ဆိုလို့ရှိရင်ဗျာ။ အခွေတွေ အကုန်လုံးကို ဝယ်ရမယ်ဆိုလို့ရှိရင် ပိုက်ဆံက သောင်းချီပြီးကုန် ကျသွားမှာပေါ့။

အဲဒီတစ်ခုပဲ ပရိသတ်အတွက် အဆင်မပြေတာလေးတွေ ရှိမှာပါ။ ကျွန်တော်တို့အတွက်ကတော့အဆင်ပြေပါတယ်။ အဲဒီလထဲမှ ထွက်ရှိတဲ့သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင် ကြတဲ့သူတွေဖြစ်တဲ့အတွက် အဓိကက ပရိသတ်တွေ အများကြီးနား ထောင်ရရင်ပျော်နေပါပြီ” လို့ X.Box ကပြောပါတယ်။

MBC ကုမ္ပဏီနဲ့ X.Box ရုပ်ရှင်ရိုက်ကူးဖို့ပြောထားတာကလည်း မေးရ လွန်းလို့ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီနော်လို့ဆိုတော့ ….

“ရုပ်ရှင်ရိုက်ကူးဖို့က ပုံပြင်တစ်ပုဒ်လိုဖြစ်လာတယ်ဆိုတာက ကျွန်တော် မရိုက်ချင်တာပါ။ ဘာဖြစ်လို့ မရိုက်ချင်တာလဲဆိုတော့ အခွေမပြီးသေးလို့။ ကျွန်တော်နဲ့ စာချုပ်ချုပ်ထားတဲ့ MBC ကိုလည်း မနည်းတားထားရတယ်။ ကင်မရာရှေ့မှာ သရုပ်ဆောင်လိုက်၊Recording ပြေးပြီး အသံသွင်းလိုက်နဲ့ အဲဒီအလုပ်ကို ကျွန်တော် မလုပ်ချင်ဘူး။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်က သီချင်းဆို တာဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးတာကြီးကို သီချင်းအခွေ လုပ်နေတဲ့ အချိန်မှာ နည်းနည်းလေးတောင် အချိန်မပေးချင်တာ။ အဲဒါပါပဲ။ အခွေထွက်ပြီးပြီဆိုတော့ ရိုက်ကူးတော့မှာပါ” လို့ X.Box က ပြောပြခဲ့ ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071