Wednesday, June 3, 2026

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ...

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ...

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃...

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ "မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။...

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃...
HomeCelebrities' Newsစိုင်းစိုင်းခမ်းလှိုင် ပြောပြတဲ့ Sai...

စိုင်းစိုင်းခမ်းလှိုင် ပြောပြတဲ့ Sai Sai Official Fans Club အကြောင်း

ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်တဲ့ အနုပညာရှင်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကို ချန်လှပ် ထားလို့ မရပါဘူး။ ပရိသတ်ကို အလေးအနက်ထားတဲ့နေရာမှာလည်း စိုင်းစိုင်းခမ်းလှိုင်က နာမည်ကြီးပါ။ ဒါကြောင့်လည်း သူ့ကို ပရိသတ်တွေကချစ်ကြပါတယ်။ သူ့ကို ပရိသတ်တွေက Official Fans Club ဖွဲ့ဖို့ဆန္ဒရှိကြ တယ်။ သူကလည်း ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ တစ်နှစ်ကို မြန်မာငွေကျပ် ၆၅ဝဝ နဲ့ Sai Sai Official Fans Club ဖွဲ့ဖြစ်ခဲ့တယ်။ စိုင်းစိုင်းက သူ့ Official Fans Club ဘာဖြစ်လို့ထောင်ဖြစ်တာလဲ၊ သူနဲ့ ပရိသတ်တွေကြားထဲမှာ ဘာတွေရှိသလဲဆိုတာကို အခုလို ပွင့်ပွင့်လင်းလင်းရှင်းပြထားပါတယ်။

”ဒါက အဆိုတော်တွေမှလည်း မဟုတ်ဘဲနဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်တွေဆိုရင်လည်း သူတို့ Member တွေရှိတယ်။ ဒီ Member အသင်းဝင်တွေဆိုလို့ရှိ ရင် ရေရှည်မှာ အကျိုးခံစားခွင့်တွေရှိတယ်။ Discount ပေးတာတွေရှိတယ်။ ဆိုတော့ နိုင်ငံတကာကပုံစံမျိုးပဲ ကျွန်တော်တို့ Fans Club တစ်ခုကိုလုပ်မယ်ပေါ့။ လုပ်မယ်ဆိုလို့ကျ တော့ အလကားလုပ်ပြန်တော့လည်း မဖြစ်နိုင်ဘူး။ အနည်းဆုံးဗျာ။ ကတ်ပြားရိုက်မယ်ဆို ကတည်းက ကတ်ပြားတစ်ပြားရဲ့ ကုန်ကျစရိတ် တွေရှိလာမယ်။ ဆိုတော့ နိုင်ငံတကာလို လည်း ကျွန်တော် ပိုက်ဆံအများကြီး ယူဖို့ဆိုတော့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ပရိသတ် တွေမောမယ်။ အဲဒီတော့ တစ်လငါးထောင်ကျပ်ဆိုလို့ရှိရင် တောင်တစ်နှစ်ကို ခြောက် သောင်းဖြစ်နေပြီ။ အဲဒါကျတော့ အဓိပ္ပာယ်မရှိဘူး။ အဲဒီတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာ ပေါ့လေ။ ပြီးတော့ ပရိသတ်တွေလည်း တတ်နိုင်မယ့်ဈေးတစ်ခုကို ကျွန်တော်စဉ်းစား တယ်။ ခြောက်ထောင့်ငါးရာဆိုတာ တစ်လမှ ကျပ်ငါးရာပဲ ရှိတယ်။ အဲဒီလောက်ဆိုရင် မဆိုးဘူးပေါ့လေ။ အဲဒါဆိုရင် ငါဘာပြန်ပေးလို့ရမလဲဆိုတော့ ကျွန်တော့်အခွေပေါ့။ အခွေ တစ်ခွေရဲ့ ဈေးနှုန်းက လေးထောင်နားကပ်နေပြီ။ ကျွန်တော် စဉ်းစားတာ ပထမဦး ဆုံး Member တွေဆိုရင် အခွေမှာ သူတို့ နာမည်လေးတွေပါ ထိုးပေးမယ်။ ပြီးတော့ ကတ်ပြားဖိုးရှိမယ်။ နောက်ပြီးတော့ သူတို့ကို အိမ်တိုင်ရာရောက်ပို့ပေးမယ့် Delivery ကြေးရှိမယ်။ သဘောကတော့ ဒါဟာ ကျွန်တော့်ပရိသတ်တွေအတွက် စုစည်းပေးတာ ဖြစ်မယ်။ ဈေးမများတဲ့ဟာ တစ်ခုနဲ့ပေါ့။ ပြီးတော့ ကျွန်တော်တို့ဆီမှာ တစ်ခါမှ မလုပ်ဖူး ဘူးထင်တယ်။ ကျွန်တော်စမ်းကြည့်မယ်။ ဝေဖန်မှုတွေလည်းရှိလာနိုင်ပါတယ်။ ဝေဖန်ဖို့ လည်း ကျွန်တော်က တောင်းပန်ချင်ပါတယ်။ အဲဒီတော့မှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာ ကို သိရမှာပါ။ ကျွန်တော်စမ်းလုပ်ကြည့်မယ်လေ။ ပထမတစ်နှစ်လောက်စမ်းလုပ်ကြည့် လို့ လုံးဝ အဆင်မပြေဘူးဆိုရင်လည်း မလုပ်တော့ဘူးပေါ့။ ဒါပေမဲ့ သေချာတာကတော့ အခု ပထမတစ်နှစ်စမ်းလုပ်ကြည့်တဲ့အခါမှာလည်း ပရိသတ်တွေဆီကနေ ကျွန်တော်က အမြတ် အစွန်းရလိုမှု နဲ့မဟုတ်ဘဲနဲ့ ဒါဟာကျွန်တော့်ပရိသတ်တွေအတွက် သီးခြား Official Fans Club တစ်ခုရှိပါတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ လုပ်ကြည့်ချင်တာဖြစ်ပါတယ်။ ပြီးတော့ ဒီ Fans Club ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော့်ဆန္ဒထက် ကျွန်တော့် ပရိသတ် တွေရဲ့ ဆန္ဒလည်းဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071