မြန်မာ-အီဂျစ်နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍနည်းပညာပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရန် အီဂျစ်အာရပ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့် အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် သြဂုတ် ၂၄ ရက်နံနက် ၁၀ နာရီကတွေ့ဆုံ၍ မြန်မာနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံသို့လာရောက်ပြီး မြန်မာ-အီဂျစ်နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံစိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များကြား Online Forum တစ်ခုကျင်းပရန်နှင့် အီဂျစ်နိုင်ငံက မြန်မာနိုင်ငံမှသင်တန်းသားများအား စိုက်ပျိုးရေးသင်တန်းများ ပြန်လည်ပေးအပ်နိုင်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
