Monday, September 21, 2026

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...
HomeNewsLocal Newsစိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို...

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နေပြည်တော်၊ ဇူလိုင် ၃၁

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသဖြင့် ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လယ်မြေ၊ ယာမြေနှင့် တောင်ယာမြေများအပါအဝင် စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိသည့်အနက် စပါးစိုက်ဧက ၁၇ ဒသမ ၇ သန်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၆ သန်း၊ ပဲမျိုးစုံစိုက်ဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ဧက ၃ ဒသမ ၉ သန်းရှိကြောင်း သိရသည်။ စိုက်ပျိုးမြေဧရိယာ ထပ်မံချဲ့ထွင်ခြင်းထက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍကို သမားရိုးကျစိုက်ပျိုးရေးစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်သွားမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းဖြင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဆန်စပါးကဏ္ဍ၌ လယ်မြေအားလုံး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် ကြိုးပမ်းပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးသာမက ပြည်ပသို့ ဆန်စပါးတင်ပို့မှု ပြန်လည်မြင့်မားလာစေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဟူသည့် မျှော်မှန်းချက်နှင့်အညီ လက်ရှိ စိုက်ပျိုးလျက်ရှိသည့် ပေါ်ဆန်းစပါးဧက ၁ ဒသမ ၃ သန်းကျော်ကို အခြေခံ၍ မျိုးကောင်းမျိုးသန့်၊ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့ မြင့်မားလာစေရန် မြန်မာ့ပေါ်ဆန်းဖိုရမ်များကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်သည်။

ပြည်ပဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကာ ပထမအဆင့်အဖြစ် တစ်နှစ်လျှင် ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသန်း တင်ပို့နိုင်ရေးအတွက် ပြည်ပဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် အရည်အသွေးကောင်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်နှင့် မျိုးအလိုက် စပါးစိုက်ဧက ၃ ဒသမ ၅သိန်း အထက် တိုးချဲ့စိုက်ပျိုးနိုင်မည့်အစီအမံများ ဆောင်ရွက်နေကြောင်း၊ ဒုတိယအဆင့်အဖြစ် နှစ်စဉ်ဆန်တန်ချိန်ငါးသန်းအထိ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်းနှင့် လိုအပ်သည့် စပါးစိုက်ဧကများ တိုးချဲ့နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု၊ အရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍများ တိုးတက်လာခြင်းဖြင့် ပြည်တွင်းဖူလုံမှုနှင့် စားရေရိက္ခာလုံခြုံမှုကို အာမခံနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်သည့် အဓိကနိုင်ငံတစ်နိုင်ငံ၊ ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် ရည်မှန်းကြိုးပမ်းလုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့်...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071